MNP ၊ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ အာထရာကန် ဘေးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်တွင် သစ်ပင်ပေါင်း (၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။
"သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ပတ်ဝန်ကျင်စိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက် သစ်ပင်များကို စိုက်ပျိုးပြီး ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်နှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားရာ နယ်မြေတစ်ခုအဖြစ်ပြုစုပျိုးထောင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ အဖွင့်အမှာစကားပြောကြာပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျွန်း(၁၀၀)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်နှင့် မဟောဂနီ(၁၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment