၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်


MNP ၊    ဇွန်   ၅

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့်  ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ လေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးမှု၊ ကမ္ဘာကြီးပူးနွေးလာမှုနှင့် ပလပ်စတစ်ညစ်ညမ်းမှုစတဲ့ အချက်တွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများဖြစ်ကြောင်း၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုများအတွက် အတားအဆီးတွေကို လူသားတိုင်းအာရုံစိုက် ဖြေရှင်းနိုင်ဖို့ ကမ္ဘာ တစ်ဝှမ်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ မိမိတို့ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုသည့် ပလပ်စတစ်ညစ်ညမ်းမှု လျော့ချခြင်းနည်းလမ်းများကို တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက်၊ မြို့နယ်အလိုက်မှသည် နိုင်ငံတကားအဆင့်အထိ အတူတကွ ပူးပေါင်းလုပ်ဆောင် သွားကြရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် တာဝန်ရှိသူ များက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။


ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသထားမှု၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ၏ ပိုစတာလက်ရာများ ပြသထားမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)