MNP ၊ ဇွန် ၁၆
နေပြည်တော် အတွင်းရှိ အမျိုးသားရေးဦးဆောင်ဆရာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူများ တွေ့ဆုံပွဲကို ယမန်နေ့က ပျဉ်းမနားမြို့နယ်၊ တပ်ပိုးကျေးရွာ ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရွှေအင်တောင်ဆရာတော်၊ ဦးကေလာသ၊ ရှေးဟောင်းကျောင်းတော်ကြီး ဆရာတော်တို့ ကြွရောက်ခဲ့ကြပြီး ယနေ့ တိုင်းပြည်တွင်းဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အမျိုးသားရေးလှုပ်ရှားသူများကိုပါ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည့် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကို ရှင်းလင်းမိန့်ကြားပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ ရှိကြရန် အပြန်အလှန် ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမျိုးသားရေးလှုပ်ရှားသူတစ်ဦး က "တိုင်းပြည်မှာ ဒီလိုဖြစ်နေတဲ့ ကာလမှာ အမျိုးသားရေးလှုပ်ရှားသူတွေလည်း မဆုံတွေ့ဖြစ်ကြဘူး။ ဘယ်သူတွေ ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာလည်း မသိကြရဘူး။ အထူးအားဖြင့် နေပြည်တော်ဝန်းကျင်မှာ ရှိကြတဲ့သူတွေ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရ လွယ်ကူအောင်၊ တစ်ဦးတစ်ယောက် အရေးကိစ္စပေါ်ပေါက်ရင် အလွယ်တကူ ချိတ်ဆက်နိုင်အောင် အခုလို တွေ့ဆုံကြခြင်းဖြစ်ပါတယ်" ဟု ပြောသည်။
တွေ့ဆုံပွဲတွင် ယနေ့ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးပြောဆိုကြပြီး တစ်ဦးနှင့် တစ်ဦး လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခဲ့ကြပြီး တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment