ညောင်ဦးမြို့နယ် သဲပြင်တောအုပ်စု ကောင်းတော်စစ်ကျေးရွာရှိ ထန်းပဒေသာပင်အား လာရောက်ကြည့်ရှုလေ့လာနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ် သဲပြင်တောအုပ်စု ကောင်းတော်စစ်ကျေးရွာရှိ ထန်းပဒေသာပင်အား လာရောက်ကြည့်ရှုလေ့လာနိုင်





MNP ၊    ဇွန်   ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာအုပ်စု၊ ကောင်းတော်စစ်ကျေးရွာ တောင်သူ ဦးဘဝိုင်း၊ ဒေါ်လှတိုး ပိုင်ဆိုင်သည့် ယာထဲတွင် ထူးဆန်းစွာ ပေါက်ရောက်နေသည့် ထန်းပင်တစ်ပင်ထဲမှ ထန်းပင်အပွား ကိုးပင်ထွက်နေကာ ဒေသခံများမှ ထိုထန်းကိုးမွှာ ထန်းပင်အား ထန်းပဒေသာပင်ဟု ခေါ်နေကြပြီး လာရောက်ကြည့်ရှုလေ့လာသူများ အမြဲလာရောက် ဓာတ်ပုံ ရိုက်ကူးသူ များပြားလာကြောင်း သိရသည်။


အဆိုပါ ထန်းကိုးမွှာပင်ခေါ် ထန်းပဒေသာပင်သည် ထန်းပင်အမြင့် ရှစ်ပေလောက်အရောက်တွင် ထန်းပင်စည်မှ ထန်းပင်ပွားများ ထွက်လာကြောင်း၊ ထွက်လာသည့် ထန်းပင်ပွားတိုင်း အမြင့်တူညီနေကာ ထန်းပင်၊ထန်းရွက်၊ထန်းလက်များမှာလည်း အခြားထန်းပင်များထက် ပိုမိုစိမ်းလန်း စိုပြေနေကြောင်း ကျေးရွာသူ/သားများက ရှင်းပြသည်။ ထန်းပွားပင်ခေါ် ထန်းပဒေသာပင်သည် ပင်စည်ရင်း ခြောက်ပေပတ်လည်ခန့်ရှိပြီး အမြင့်ပေ သုံးဆယ် ခန့်ရှိကြောင်း၊ ယာခင်းအလယ်တွင် ပေါက်ရောက်နေကာ အရိပ်အာဝါသ အလွန်ကောင်းပြီး ထန်းပွားပင်များမှ အသီးမသီး၊ ထန်းနို့မထွက်သေးခြင်းကြောင့် ထန်းဖိုပင်၊ ထန်းမပင် မခွဲခြားနိုင်သေးကြောင်း သိရသည်။


ထန်းပဒေသာပင်ခေါ် ထန်းကိုးမွှာပင်သည် အခြားထန်းပင်များထက် ပိုမိုစိုပြေစိမ်းလန်းကာ အခြားထန်းပင်များကဲ့သို့ တစ်လလျှင် ထန်းရွက်တရွက်သာ ထွက်ရှိကြောင်း၊ တစ်နှစ်ပတ် လုံးမှ ထန်းရွက်ဆယ့်နှစ်ရွက်သာထွက်ရှိကြောင်း သိရပြီး ညောင်ဦးခရိုင်အတွင်းရှိ ကျောက် ပန်းတောင်းမြို့နယ်၊ ငါ့သရောက်မြို့၊ညောင်ဦးမြို့နယ်အတွင်းတွင် ထန်းပင်ပေါင်း(၃)သန်း ကျော် အထက်ရှိကြောင်း၊ ထန်းပွှားပင်တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြပဲ ယခုအပင်တစ်ပင် သာမြင်ဖူး ကြကြောင်းဒေသခံများကပြောကြသည်။ ထန်းကိုးမွှာခေါ် ထန်းပဒေသာပင်သည် သက်တမ်း အားဖြင့် လေးဆယ်သုံးနှစ်ခန့်သာ ရှိသေးကြောင်း၊ ထန်းပင်တစ်ပင်အရွယ်ရောက်ဖို့ (၂၅)နှစ်ခန့် အချိန်ကြာမြင့်ကြောင်း သိရသည်။ သဲပြင်တောကျေးရွာနှင့် ကောင်းတော်စစ် ကျေးရွာသည် ရွာချင်းကပ် လျှက်ရှိကာ နှစ်ရွာတစ်အုပ်စုဖြစ်ပြီး နှစ်ရွာပေါင်း အိမ်ထောင်စု(၄၀၀)ရှိကာ၊ လူဦးရေ (၂၀၀၀)ဦး ခန့်ရှိကြောင်း သိရသည်။ ထန်းတောင်သူ သုံးပုံတစ်ပုံခန့် လုပ်ကိုင်စားသောက်နေ ကြသည်။ နှစ်ရွာပေါင်း ပြည်ပထွက်အလုပ်လုပ်ကိုင်သူ (၉၀)ဦးခန့်ရှိကြောင်း သိရသည်။သဲပြင် တောကျေးရွာသို့ ညောင်ဦးမြို့မှလာရောက်ပါက (၁၂)မိုင်ခန့် ကွာဝေးပြီး၊ ကျောက်ပန်းတောင်း မြို့ဘက်က လာရောက်ပါက (၂၅)မိုင်ခန့်ကွာဝေး ကြောင်း၊ရွာတွင်းပိုင်းသို့(၂)မိုင်ခန့်ဝင်ရောက် လျှင် သဲပြင်တောအုပ်စု၊ ကောင်တော်စစ် ကျေးရွာသို့ ရောက်ရှိသည်။


ထန်းကိုးမွှာပင်ခေါ် ထန်းပဒေသာပင် လာရောက်ရှိသူများအား ကျေးရွာသူကျေးရွာသားများက ဂုဏ်ယူစွာ လိုက်လံပို့ဆောင်ပြသပေးနေကြောင်းလည်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)