နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား


MNP ၊    ဇွန်   ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်းကို ရွာဦး ဘုန်းတော်ကြီးကျောင်း၌ သင်ကြားပေးလျက်ရှိသည်။  


အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားခြင်းဖြင့် စိတ်ထားနူးညံ့သည့် ကလေးများကို ပိုမိုယဉ်ကျေးလိမ္မာလာစေရန်၊  ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ် စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ယဉ်ကျေး လိမ္မာစေရေး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ဩကာသကန်တော့ချိုး၊ ငါးပါးသီသတောင်းခံနှင့် ကျောင်းသား/ကျောင်းသူများ သိသင့် သိထိုက်သည့် အခြေခံဗုဒ္ဓတရားတော်များ အကြောင်းကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။


“အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်များကို ယခုလို ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပြီး  အခြေခံဗုဒ္ဓတရားတော်များကို  နွေရာသီ ကျောင်းပိတ်ရက်များတွင် သင်ကြားပေးခဲ့တာဖြစ်ပါတယ်၊ အမျိုးကို ချစ်တတ်စေရန်နှင့် ဘာသာသာသနာကို ပိုမိုယုံကြည်သက်ဝင်စေရန် အတွက် ကျောင်းဖွင့်ရာသီတွင် အားလပ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့များမှာလည်း ဆက်လက်သင်ကြား ပေးလျက်ရှိပြီး ကျောင်းသား/ ကျောင်းသူ (၈၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါတယ်” ဟု ဈေးသာကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်က မိန့်ကြားသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)