MNP ၊ ဇွန် ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ မွန်းလွဲ(၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်ပါ စာကြည့်တိုက်များ စနစ်တကျရှိရေးနှင့် အောင်မြင်မှုရှိရေးတို့မှာ စာကြည့်တိုက်ဆိုင်ရာ ရုံးလုပ်ငန်းနှင့် စာကြည့်တိုက်စီမံခန့်ခွဲမှုလုပ်ငန်းပိုင်းတို့တွင် ဒွန်တွဲဆက်စပ်လျက် ရှိသဖြင့် ဝန်ထမ်းများအနေဖြင့် ဟန်ချက်ညီညီဖြင့် ထောင့်စေ့အောင် သေသပ်စနစ်ကျစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းနှင့် ဝန်ထမ်းများက စာကြည့်တိုက်အောင်မြင်ရေး၊ စာကြည့်တိုက်လုပ်ငန်း ကျွမ်းကျင်မှုရှိရေး၊ စာကြည့်တိုက်မှူး၏ အရည်အချင်းများ၊စာကြည့်တိုက်ဝန်ထမ်းများ ထားရှိရမည့် ခံယူချက်၊ ယုံကြည်ချင်နှင့် ဆောင်ရွက်ချက်များနှင့် ပတ်သက် ၍ တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို ဦးစီးအရာရှိက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment