MNP ၊ ဇွန် ၈
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်းခရိုင်/မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက အမ်းမြို့၊ အမှတ်(၃) စျေးရပ်ကွက် ရွှေအမ်းတောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းကြောင့် လေဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်းက နိင်ငံတော် မှအမ်းမြို့နယ်အတွင်း ကျေးရွာအုပ် စု(၂၂)အုပ်စုတို့မှ အိမ်ထောင်စု(၂၇၉)စုအတွက် မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအနေဖြင့်လည်း ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ ဆောင်ရွက်ချက်များကို ပါဝင်ပူးပေါင်းလိုက်နာဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းက မိုခါမုန်တိုင်း တိုက် ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ကျေးရွာအုပ်စု(၂၂)အုပ်စုမှအိမ်ထောင် စု(၂၇၉)စု လူဦးရေ(၁၁၉၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၅၄၀၀၀၀)ကျပ်အားလည်း ကောင်း၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်က ဆန်ရိက္ခာဖိုး ထောက် ပံ့ငွေ(၂၅၀၉၅၀၀)ကျပ်အားလည်း ကောင်း၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေထားဇော်က ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၁၇၁)ပုံးအားထောက်ပံ့ပေးအပ်ခဲ့ရာ လေဘေးသင့်ပြည်သူများကိုယ်စား လေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြသည်။
(မိုခါ)မုန်တိုင်းသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်ခရိုင်/မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ေလးေဘးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment