တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် နိကာယ်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် နိကာယ်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ




MNP ၊    ဇွန်   ၂

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကား​စေရန်နှင့် ပရိယတ္တိသာသနာအကျိုးကို သယ်ပိုးထမ်းဆောင် ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်တွင်လည်း မြို့နယ်သာသနာရေးဦးစီး ဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ် ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ၂၀၂၃ - ခုနှစ် နိကာယ်စာမေးပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် ( ၁၄၇ )ပါးနှင့် သီလရှင်(၁)ပါး စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင် (၁၄၈)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပပြုလုပ်နေမှု အခြေ အနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။ 

အဆိုပါ ၂၀၂၃-ခုနှစ် နိကာယ်စာမေးပွဲကို ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စု(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၈) စသည်ဖြင့် အုပ်စုများခွဲ၍ ကျင်းပ ပြုလုပ်လျက်ရှိရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော်နှင့် သီလရှင် စုစုပေါင်း ( ၁၄၈ )ပါး ဝင်ရောက်လျက်ရှိကြောင်းနှင့် စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စာဖြေခန်းမများသို့ မဝင်ရောက်မီ လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း စသည်ဖြင့် လိုအပ်သည်များကို မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)