MNP ၊ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေး ဒီဂရီကောလိပ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ကသာပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက အမှာစကားပြောကြားပြီး ကသာခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူး သိန်းထိုက်စိုးက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများအကြောင်း၊ ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များအကြောင်းနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် နှစ်အလိုက် ယာဉ်တိုက်မှု နှိုင်းယှဉ်ချက်မှတ်တမ်းများ အကြောင်းကိုလည်းကောင်း၊ ကသာခရိုင် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနမှ ဦးဌေးလွင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်ကမ်းများနှင့် ကားမောင်းနှင်သူနှင့် စီးနင်းလိုက်ပါသူများ ထိုင်ခုံခါးပတ်များ ပတ်ထားကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ဘေးကင်းလုံခြုံစိတ်ချရ သော ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင် မောင်းနှင်ကြရန်တို့ကို အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းအုပ် ဆရာမကြီးမှ အသိပညာပေး ဟောပြောခဲ့ကြသော ခရုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးနှင့် ခရိုင် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန ဦးစီးမှူးတို့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ကျော်စွာ
https://t.me/MyanmarNationalPost


No comments:
Post a Comment