အင်းလေးဒေသရေပေါ် သင်္ကြန်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်းလေးဒေသရေပေါ် သင်္ကြန်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြင့်ပွဲကျင်းပ




MNP ၊    ဇွန်   ၉

၁၃၈၄ ခု၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အင်းလေး ရေပေါ်သင်္ကြန် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်နှင့် ခရီးသွားပြည်သူများ လာရောက်လေ့လာ လည်ပတ်နိုင်ရန် ရည်ရွယ်၍ အင်းလေးဒေသ ရေပေါ်သင်္ကြန် ရောင်စုံဓာတ်ပုံပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင် ရေပေါ်သင်္ကြန် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပပေးကြောင်း သိရသည်။


ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်‌အေးက အင်းလေးရေပေါ် သင်္ကြန်စည်ကားအောင်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း အင်းလေးရေပေါ် သင်္ကြန်ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုုင်ပွဲများ စတင်ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ မကြာတော့မည်ကာလတွင် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်နှင့် တန်ဆောာင်တိုင်ပွဲတော်များတွင်လည်း ရောင်စုံဓာတ်ပုံပြိုင်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံဆရာများအနေဖြင့် အင်းလေးရေပေါ်သင်္ကြန်ပြိုင်ပွဲထက် ပိုမိုပါဝင်ဆင်နွှဲပေးနိုင်ရန် ပြောကြားသည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုငွေကျပ်သိန်း(၅၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ဦးဆွေလွင်မြင့်၊ ဒုတိယဆုငွေကျပ်သိန်း(၄၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ဦးရဲဝင်းညွန့်၊ တတိယဆုငွေကျပ်သိန်း(၃၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ဦးအောင်မိုးသူတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်‌အေးက ချီးမြှင့်ပေး၍လည်းကောင်း၊ အထူးဆု(၁၀)ဦးရရှိသူအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အသီးသီးဆုချီးမြှင့်ပေးကြကြောင်း သိရှိရသည်။


မောင်မောင်သန်း

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)