သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်း ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်း ဖွင့်ပွဲကျင်းပ





MNP ၊    ဇွန်   ၂၇

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ဇွန်လ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဦးတင်နိုင်ဝင်းက အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ မော်လမြိုင်၊ သထုံနှင့် ကျိုက်ထို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ၊ ငါးလုပ်ငန်းစခန်းတာဝန်ခံများတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် သင်တန်းသားသင်တန်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ကြလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)