ဘိုကလေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


MNP ၊    ဇွန်   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ခုနှစ် မိုးရာသီဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၅၈)၊ (ခန့်မှန်းမြေပုံညွှန်း- 46P-296610)တွင် ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပသည်။


သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၄၀)ခန့် တက်ရောက်ကြပြီး သစ်ပင်စိုက်ပျိုးပွဲ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်သိန်းထွဋ်တို့က စိုက်ပျိုးမည့် ပျိုးပင်များအား သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများထံသို့ ပေးအပ်ကြပြီး တက်ရောက်လာကြသူများအားလုံး စုပေါင်းကာ သမဲ့ကြီး(၁၀၆၅)ပင်၊ ဗြူးရွှေဝါ (၂၀၀)ပင်၊ ကျန(၅၀၀)ပင်၊ လမု(၅၀)ပင်၊ ဒီရေတောပျိုးပင် စုစုပေါင်း(၁၈၁၅)ပင်အား စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မိုးစက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)