MNP ၊ ဇွန် ၁၇
သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးလာစေရန် ရည်ရွယ်၍ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ်မှ ကြီးမှူး၍ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီးတိုက်နယ် ဆေးရုံဝန်းအတွင်း၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်ခန့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ အဖွဲ့ဝင်(၃) မြို့နယ်လ.ဝ.ကဦးစီးမှူး ဦးအောင်စိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်နိုင်ဦး၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးထွန်းနိုင်သန်း နှင့်သစ်တောဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား(၁၈၀)ခန့်က အမြင့်(၃)ပေနှင့်အထက်ရှိသော မန်ဂျန်ရှား(၃၅၀)ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပျိုးထောင်ထားရှိသည့် ပျိုးပင်များအား ပြည်သူများထံသို့အခမဲ့ ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment