MNP ၊ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်းတက်လုပ်ငန်းပြီးဆုံးချိန် ထန်းမထန်းတက်လုပ်ငန်းစတင်ချိန် ထန်းလျှက်တစ်ပိသာ ၃၅၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများမနှစ်က ထန်းမ ရာသီထန်းလျှက်ရှိ ဈေးထက် ၁၅၀၀ ကျပ် ပိုမိုရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် တောင်ရှေ့ကျေးရွာ ထန်းတောင်သူ ဦးခင်စိုးထံမှ သိရသည်။
ထန်းတောင်သူများသည် ထန်းတက်လုပ်ငန်းများအား တန်ခူးလမှစတင်၍ထန်းလုပ်ငန်း စတင်လုပ်ကိုင်ကြပြီး သီတင်းကျွတ်လတွင် ထန်းရာသီပြီးဆုံးကြောင်း၊ ထန်းတောင်သူများ ထန်းတက်ရာတွင် တန်ခူးလမှစတင်၍ ထန်းဖိုပင်များစတင်ထန်းတက်ကြပြီး ထန်းဖိုရာသီ ထန်းလျှက်ချက် လုပ်ငန်းနယုန်လတွင်ပြီးဆုံးကြောင်း၊ ထန်းမထန်းတက်ရာသီဖြစ်သည့်နယုန် လမှစတင်ကာ ထန်းမ ထန်းတက်လုပ်ငန်းစတင်ပြီး သီတင်းကျွတ်လတွင်ထန်းရာသီလုပ်ငန်း သိမ်းဆည်းကြကြောင်း ညောင်ဦးမြို့နယ်၊ ကူကျေးရွာအုပ်စု၊တောင်ရှေ့ကျေးရွာ ထန်းတောင်သူ၊ ဦးခင်စိုးက ထပ်မံ ပြောကြားခဲ့သည်။
ညောင်ဦးမြို့နယ် ထန်းတောင်သူများ ထန်းလျှက်ရရှိချိန် ထန်းလျက်ရောင်းချရာတွင် ထန်းရာသီတလျှောက်ဈေးနှုန်းတူညီမှုမရှိပဲ ပေါ်ဦး ပေါ်ဖျားထန်းလျှက်ဈေးနှုန်းမှာ တစ်ပိဿာ ၂၅၀၀ကျပ် စတင် ရောင်းချခဲ့ရပြီး ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် ထန်းပိုတွဲလတွင် ထန်းလျှက် ဈေးနှုန်း ၂၀၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းလေ့ရှိကာ ထန်းမရာသီချိန်တွင် ထန်းလျှက်ဈေးနှုန်း ၃၀၀၀ကျပ်မှ ၃၅၀၀ ကျပ်ထိ ရှိကြောင်း တောင်ရှေ့ကျေးရွာ ထန်းတောင်သူလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်မြင့်မြင့်သန်းက ပြောကြား သည်။
ထန်းတောင်သူလုပ်ငန်းသည် ကရိကထအလွန်များပြားကာ အိမ်ရှိလူကုန်ပင်ပန်းကြကြောင်း၊ ထန်းတက်လုပ်ငန်းမတင်မီအချိန်ကပင် ထန်းတက်လုပ်ငန်းနှင့်ဆက်စပ်လုပ်ကိုင်ရသည့် ပစ္စည်းများ ကြိုတင်စုဆောင်းပြင်ဆင်ထားရကြောင်း၊ ထန်းလျှက်ချက်လုပ်ရန် ထန်းလျှက်ချက်ဖိုပြုလုပ်ရန် မြေနီ၊မြေစေးတူးယူကာ ဖိုပြုလုပ်ရကြောင်း၊ ထန်းလျှက်ချက်ရန် လောင်စာကြိုတင်စုဆောင်းထားရ ခြင်း၊ ထန်းဆွဲမြူအိုကြိုတင်ဝယ်ယူထားရခြင်းနှင့်ယင်းဆွဲ၊ ယင်းထောင်၊ ထန်းလှီးအိမ်၊ ထန်းလှီးဓား များ ထန်းစတင်ပြင်ဆင်နိုင်ရန် ကြိုတင်စုဆောင်းထားရကြောင်း ထန်းတောင်သူများကရှင်းပြခဲ့ သည်။ ထန်းလျှက် တစ်ပိသာရရှိရန် ထန်းဆွဲမြူအိုးငါးလုံးအပြည့် ကျိုချက်မှသာလျှင် ထန်းလျှက် တစ်ပိဿာရကြောင်းသိရပြီး ထန်းရေထန်းဆွဲမြူအိုးတစ်လုံးလျှင် နှစ်လီတာရှိကြောင်း၊ မနှစ်ကထန်းမရာသီ ထန်းလျှက်တစ်ပိသာ (၁၆၀၀)ကျပ်ရောင်းချရပြီး ယခုနှစ်တွင် (၃၅၀၀)ကျပ် ရောင်းချရခြင်းကြောင့် ထန်းမထန်းတက်ရာသီ ထန်းတောင် သူများတွက်ခြေကိုက်နေကြကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment