သရက်မြို့၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးနေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးနေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ




MNP ၊    ဇွန်   ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးနေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်စိုက်ပျိုးရေးရုံးတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူဦးကြီးများ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားရာမှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သရက်မြို့နယ်မှာ မိုးနေကြာ(၁၀၃)ဧက၊ ဆောင်းနေကြာ(၂၄၉၁)ဧက စိုက်ပျိုးဆောင်ရွက်ရမှာဖြစ်ပါတယ် မိုးနေကြာ(၁၀၃)ဧကအတွက် မျိုးလိုအပ်ချက်မှာ (၁)ဧက(၄)ပြည်နှုန်းဖြင့် (၂၅.၇၅)တင်း လိုအပ်မှာဖြစ်ပါတယ် လိုအပ်သည့်မျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဖြူးသွားမှာဖြစ်ပါတယ် ဖြန့်ဖြူမည့်မျိုးစေ့မှာ ဆင်းရွှေကြာ-၂(၂၄၀)ပြည်၊ (၆၀)ဧကစာနှင့် ဆင်းရွှေကြာ-၂ (မျိုးထုပ်)(၁၂၉)ကီလို၊ (၄၃)ဧကစာ ဖြန့်ဖြူပေးသွာမှာဖြစ်ပါတယ် ဖြန့်ဖြူပြီးမျိုးစေ့များကို မိုးရာသီကာလမှာ သီးထပ်၊ သီးညှပ်စိုက်ပျိုးကြဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။


ထို့နောက် သရက်မြို့နယ်အတွင်း ကျေးရွာအုပ်စုအလိုက် မိုးနေကြာစိုက်ပျိုးမည့် တောင်သူများအား ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူအသီးသီးက ကျေးရွာအုပ်စု(၁၈)အုပ်စု လျာထားဧက(၁၀၃)ဧကအတွက် (၂၄၀)ပြည်၊ (၁၂၉)ကီလိုတို့အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)