MNP ၊ ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာဖတ်ရှိုန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း(ကျိုင်းတုံ) တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းတို့က အားလပ်ချိန်များတွင် ပြင်ပစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်ကြောင်း အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ ကျောင်းသူများအား စာဖတ်ရှိုန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသူများအား စာအုပ်များခင်းကျင်းပြသပြီး အခမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment