MNP ၊ ဇွန် ၅
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားစေရန်နှင့် ပရိယတ္တိသာသနာအကျိုးကို သယ်ပိုးထမ်းဆောင် ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်တွင်လည်း မြို့နယ်သာသနာရေးဦးစီး ဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ် ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ၂၀၂၃ - ခုနှစ် နိကာယ်စာမေးပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်နှင့် သီလရှင်များ ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲ ဖြေဆိုနေမှု အခြေအနေ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များက ကြည်ညိုဖူးမြော်ခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် ၂၀၂၃ခုနှစ်အစိုးရနိကာယ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြသည့် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင် တိုက်များမှ စာဖြေသံဃာတော်နှင့် သီလရှင်များအား သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော အားဖြည့် အချိုရည်နှင့် ရေသန့်ဘူးများကို တာမွေမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment