MNP ၊ ဇွန် ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်းများ အတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်း က မြေပြင်ကွင်းဆင်း လိုက်လံထောက်ပံ့ လှူဒါန်းပေးအပ် ခဲ့ကြ သည်။
အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးကံထွန်းအောင် ၊ ဘေးအန္တရာယ်စီမံခန်ခွဲမှု ဦးစီးဌာန မောင်တောခရိုင်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦး မောင်မောင်ကြီး နှင့် တာ၀န်ရှိသူများသည် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီး ခဲ့ သည့် ဘုန်းတော်ကြီးများဖြစ်သော အောင်ဗလကျောင်း ၊ အောင်မြေဗောဓိကျောင်း ၊ ဘင်္ဂလားဒေ့ရှ်ကျောင်း ၊ သဒ္ဓမ္မပါလ (၃) မိုင်ကျောင်း ၊ တပ်ဦးကျောင်း ၊ မကျည်းကုန်းကျောင်း ၊ ဝေသာလီကျောင်း ၊ ရွှေဗဟိုလ်ကျောင်း ၊ သရီကုန်း ဘောင် ကျောင်း ၊ မောရဝတီကျောင်း ၊ အလယ်သံကျော်ကျောင်း ၊ ဉဒေါင်းကျောင်း စသည့် ဘုန်းကြီး ကျောင်းများသို့ သွား ရောက် ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမျှော်ကြည်ညိုကာ န၀ကမ္မအလှူငွေများ ၊ ဆန် ၊ ခေါက်ဆွဲခြာက် ၊ ဂတ်(စ်)မီးဖို ၊ဂတ်(စ်)ဘူး ၊ အချိုရည် တို့အား ကျောင်းထိုင်ဆရာတော်များထံသို့ တာ၀န်ရှိသူများက အသီးသီး ထောက်ပံ့ လှူဒါန်း ခဲ့ကြသည်။
ယင်း နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန်ရှိသူများ နှင့်အတူ အလယ် သံကျော် ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း နှင့် မောရဝတီကျေးရွာရှိ အခြေခံပညာ အ လယ်တန်းကျောင်း များတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွင်း အတန်းအလိုက် ကျောင်းသား ၊ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့် ပညာသင်ယူ လျက်ရှိသည်များအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ စာသင်ကျောင်းများအတွက် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရ သည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost







No comments:
Post a Comment