ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ပြည်သူများအား ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုခြင်းနှင့် မိုခါမုန်တိုင်းပျက်စီး၊ ဆုံးရှုံးသွားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ပြည်သူများအား ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုခြင်းနှင့် မိုခါမုန်တိုင်းပျက်စီး၊ ဆုံးရှုံးသွားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်






MNP ၊    ဇွန်   ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)အချိန်က ဘူးသီးတောင်မြို့ တောင်ရပ်ကွက်ရှိမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဆေးခန်း၌ မိုခါမုန်တိုင်းကြောင်း ပြည်သူ့ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်သောကလေး အထူးကုဆရာဝန်ဦးဆောင်သောအဖွဲ့၊ ဘူးသီးတောင်တပ်နယ်မှ အထူးကု ဆေးကုသရေးအဖွဲ့၊ ဘူးသီးတောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များအဖွဲ့တို့နှင့်နယ်လှည့်ဆေး ကုသရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူလူထုများအား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုပြီး ဆေးကုသနေသည့်ပြည်သူများအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည်ဘူးသီးတောင်မြို့ ရွာမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ သွား ရောက်ပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရွာမကျေးရွာအုပ်စု၊ မီးကျောင်းခေါင်းဆွဲကျေးရွာ အုပ်စု၊ဘဒကားကျေးရွာအုပ်စု၊ ဂုပ္ပီကျေးရွာ အုပ်စု၊ ကျွန်းပေါက်ကျေးရွာအုပ်စု၊ ခမောင်းချောင်းကျေးရွာအုပ်စု၊ စုစုပေါင်းကျေးရွာအုပ်စု (၆) အုပ်စုမှလေဘေးသင့်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများအား ကျေးရွာကိုယ်စားလှယ်များအား ပေးအပ်ခဲ့ပြီး ကျေးရွာများရှိ လေဘေးသင့်ပြည်သူများလက်ဝယ်သို့ အမှန်တကယ်အချိန်နှင့်တပြေးညီ ဖြန့်ခွဲ ပေးနိုင်ရေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် သာသနာ့အလင်းရောင်ဘုန်းတော်ကြီးကျောင်းသို့ သွား ရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါရိန္ဒ အားဖူးမျှော်ကာ ဩဝါဒခံယူပြီးဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် သာသနိက အဆောက်အဦ အမိုးလန်ပျက်စီးသွားသော ကျောင်းထိုင်ဆရာတော်ကြီး (၉)ပါးအား ပင့်ဖိတ် ကာ ပြန်လည်ပြုပြင်ရန်အတွက် အမိုးသွပ်(၄၃၂)ချပ်၊ ဆွမ်းဆန် (၉)အိတ်၊ သစ်(၁.၈၅)တန်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီး ကျောင်းများထံ သို့ လှူဒါန်းသော နဝကမ္မငွေသားကျပ်ကိုးသိန်း (၉၀၀၀၀ဝိ/)တို့အားလည်းကောင်း လမ်းမ ဘုန်းတော်ကြီးသို့ သွားရောက်ပြီးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇောဘာသအား ဖူးမျှော်ကာဩဝါဒခံယူပြီး ဘူးသီးတောင်မြို့နယ် မိုခါမုန်တိုင်းကြောင့် သာသနိကအဆောက် အဦအမိုးလန်ပျက်စီးသွားသော ကျောင်းထိုင်ဆရာတော်ကြီး(၆)ပါးတို့အား ပင့်ဖိတ်ကာ ပြန်လည်ပြုပြင်ရန်အတွက် အမိုးသွပ်(၃၄၄)ချပ်၊ ဆွမ်းဆန်(၆)အိတ်၊ သစ်(၀.၅၀)တန်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့်ဘုန်းတော်ကြီး ကျောင်းများထံသို့ လှူဒါန်းသော နဝကမ္မငွေသားကျပ်ခုနှစ်သိန်း (၇၀၀၀၀ဝိ/)တို့အားလည်းကောင်း မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဇာဂရိယအား ဖူးမျှော်ကာ ဩဝါဒခံယူပြီး ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် သာသနိက အဆောက်အဦ အမိုးလန်ပျက်စီး သွားကျောင်းထိုင်ဆရာတော်ကြီး (၉)ပါးအားပင့်ဖိတ်ကာ ပြန်လည်ပြုပြင်ရန်အတွက် အမိုးသွပ်(ရ၅၅)ချပ်၊ ဆွမ်းဆန်(၉)အိတ်၊ သစ်(၁.၃၅)တန်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများ ထံသို့လှူဒါန်းသော နဝကမ္မငွေသားကျပ်တစ်ဆယ်သုံးသိန်း(၁၃၀၀၀၀ဝိ/-) တို့အားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ဖတ် ပူဇော်ကာ အဆိုပါလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)