ကျိုက်ထိုမြို့နယ်တွင် မိုးစပါး ( ၂၁၈၀၇) ဧကစိုက်ပျိုးရန်လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မိုးစပါး ( ၂၁၈၀၇) ဧကစိုက်ပျိုးရန်လျာထား




MNP ၊    ဇွန်   ၁၆

    မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်အတွင်း  စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း၊မျိုးသန့်တိုးပွားစေရန်နှင့်တစ်ဧက  အထွက်နှုန်း တိုးပွားစေရန် ရည်ရွယ်၍ တောင်သူများအား စိုက်ပျိုး ရေးစနစ်များကိုအနီးကပ်ပညာပေး၍ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ဧက (၂၁၈၀၇) ဧကစိုက်ပျိုးသွားရန်လျာထားကြောင်းသိရသည်။


    ကျိုက်ထိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက (၂၁၈၀၇ ) ဧက အထွက်နှုန်းကောင်းပြီးအောင်မြင်စေရန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများကအနီးကပ်ကွင်းဆင်းဆောင်ရွက်လျှက်ရှိပြီးယခု လက်ရှိအချိန်တွင် ကြဲခင်း စိုက်ဧကအဖြစ် (၇၂၀၀)ဧကစိုက်ပျိုး ထားပြီးဖြစ်ကြောင်း နှင့်ကျန်ရှိသောစိုက်ဧကများအား စပါးများပျိုးထောင်ပြီး စိုက်ပျိုးသွားမည်ဖြစ် ကြောင်းသိရသည်။


  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန်တောင်သူများအား နည်းပညာပေးခြင်း မြေဩဇာများကိုလည်းတောင်သူများလက်ဝယ်သို့ဖြန့်ဖြူး‌ပေးလျှက်ရှိကြောင်းစိုက်

ပျိုးရေးဦးစီးဌာနမှသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)