MNP ၊ ဇွန် ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကျောင်းသားကျောင်း သူများ ကျန်းမာရေးကောင်းမွန်ပြီး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက ဈေးတောင်ရပ်ကွက် အခြေခံပညာအထက် တန်းကျောင်း(ခွဲ)နှင့် အခြေခံ ပညာမှုလတန်း(လွန်)ကျောင်းတို့တွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးကြီးကြပ် ဒေါ်စုစုလတ်က ဦးဆောင်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းတင်က သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးနှင့်ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြှုပ်၊ ထည့် အကြောင်းအရာများကို ရှင်း လင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သားဖွားဆရာမ ဒေါ်ခင်မာစိုး၊ ဒေါ်အောင်မြနု တို့က ခြင်မှတဆင့် ကူးစက်တက်သည့် ရောဂါများအကြောင်း၊ ရာသီတုတ်ကွေးနှင့် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်း သားကျောင်းသူများအား ပြောကြားခဲ့သည်။
ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment