MNP ၊ ဇွန် ၁၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၉) နာရီခွဲ အချိန်က အထက်တန်း၊အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်နွဲ့က ဟောပြောပွဲပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံဦးသန်းထွန်းအောင်မှ မိုးကြိုးဘေးနှင့် ငလျင်ဘေးအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးချစ်ဆန်းဦးမှ ရေဘေးအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးဦးရဲလင်းထက်မှ မုန်တိုင်းဘေးအကြောင်းကို လည်းကောင်း ခေါင်းစဥ်အလိုက် အသီးသီးဟောပြော၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့မှုများဖြစ်ပေါ်လာပါက ရှောင်ရန်၊ဆောင်ရန်အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားပေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ တဝန်ရှိသူများက ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်းနှင့် ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါ အန္တရာယ်ကင်းရှင်းရေး ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်
https://t.me/MyanmarNationalPost

No comments:
Post a Comment