MNP ၊ ဇွန် ၁၅
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်းထမ်းများအစည်းအဝေးကို ယနေ့၊ နံနက်(၁၁)နာရီက မြို့နယ် ထွေ/ အုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည် ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဗိုလ်မှူးချုပ်ဝင်းမောင် ပြောကြားရာတွင် မိုခါမုန်တိုင်းဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ စာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ကျေးရွာတွင် ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များ၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေခံပညာကျောင်းများ၊ သာသနိက အဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ ပကတိပျက်စီးမှုအခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အမြန်ဆုံးဆက်လက်တင်ပြပေးကြရန် ရှင်းလင်းမှာကြားခဲ့သည်။
ထိုနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက စာရေးဝန်ထမ်း၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာဖြင့် မိမိတို့ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ စာရေး ဝန်ထမ်းများက မိမိတို့ကျေးရွာအုပ်စုမျ၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များနှင့်ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများအား ဖြန့်ဝေပေးနေမှု အခြေအနေများကိုရှင်းလင်း တင်ပြခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost





No comments:
Post a Comment