ပေါင်မြို့နယ်Community Centre တွင် စိုက်ပျိုးစနစ်မှန်ကန်ရေး အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်Community Centre တွင် စိုက်ပျိုးစနစ်မှန်ကန်ရေး အသိပညာပေး Talk Show ပြုလုပ်


MNP ၊    ဇွန်   ၁၅

မွန်ပြည်နယ်၊  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ စိုက်ပျိုးစနစ်မှန်ကန်ရေး    အသိပညာပေး  Talk Show ဆွေး နွေးပွဲကို ယနေ့ နံနက် ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်း ပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အသိပညာပေး (TALK   SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်လင်းလင်းမွန်က စိုက်ပျိုးစနစ်မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းစနစ်  မှန်ကန်အောင်သင်တန်းများပို့ချပေးခြင်း၊သီးနှံအထွက်တိုးအောင်ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ပျိုးသက်နုစိုက်ပျိုးနည်းစနစ်၊ဘောင်ပျိုးစိုက်နည်းစနစ်၊တိုက်ရိုက်မျိုးစေ့ချကရိယာဖြင့်စိုက်ပျိုးနည်းစနစ်၊ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်းစနစ် စသည်များ၊ပျိုးထောင်စိုက်နည်းစနစ်နှင့် ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးနည်းစနစ်ရဲ့ကွာခြားချက်များ၊စိုက်ပျိုးနည်းစနစ်မှန်ကန်ရွေးချယ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ပြီး စားသုံးဆန်ဖူလုံလာပြီး ဝင်ငွေတိုးပွားကာလူနေမှုအဆင့်မြင့်မားလာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)