MNP ၊ ဇွန် ၁၄
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယမန်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းရှိ Sunshine Hotel ခန်းမ၌ ကျင်းပခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌လည်းကောင်း အသီးသီးပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာ နချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရာက်ကြသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် နည်းပြများနှင့် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား အားကစား အမျိုးအစားအလိုက် အားကစားသမားတစ်ဦးချင်းစီက ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားကြသည်။ ၎င်းနောက် တိုင်းဒေကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
#MyanmarNationalPost


No comments:
Post a Comment