MNP ၊ ဇွန် ၁
မကွေးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း/ကျောင်းပြင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျောင်းနေအရွယ် ကလေး တိုင်း အခြေခံပညာသင်ယူခွင့် ရရှိရေး၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းအပ် နှုန်း၊ကျောင်းနေနှုန်း မြင့်မားလာစေရေး၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင် အထည်ဖော်ရေး စသည့်ရည်ရွယ်ချက်များနှင့် ကျောင်းအပ်လက်ခံခဲ့ပြီး(၁-၆-၂၀၂၃)နေ့မှာ မြန်မာတစ်နိုင်ငံလုံး ကျောင်းများပြန်လည် ဖွင့်လှစ်တော့မှာဖြစ်ပါကြောင်း၊ ကျောင်းများဖွင့် လှစ်ဖို့ ဆောင်ရွက်နေရာမှာ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူတစ်ချို့က အနှောက်အရှက် ပေးဖို့ ကြိုးပမ်းနေကြတာကို တွေ့နေရတဲ့အတွက် ယနေ့အစည်းအဝေးမှာ ကျောင်းများ ပုံမှန်ဖွင့် လှစ်နိုင်ဖို့၊ ကျောင်းသား၊ကျောင်းသူများ အန္တရာယ်ကင်းစွာ ကျောင်းတက်ပညာသင်ယူနိုင်ဖို့နဲ့ ပညာရေးဝန်ထမ်းများ အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ဖို့ ဆွေးနွေးဆုံးဖြတ် အကောင် အထည်ဖော်ကြမှာဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေနဲ့ မိမိအခန်းကဏ္ဍအလိုက် လက်ရှိ ရရှိထားတဲ့ သတင်းအချက်အလက်ပေါ်မူတည်ပြီး ဆွေးနွေးပေးကြဖို့၊ ရရှိလာတဲ့ အမြင်နဲ့ ဆုံးဖြတ်ချက်တွေကို စုပေါင်းတာဝန်ယူ အကောင်အထည်ဖော်ခြင်းဖြင့် ကျောင်းများပုံမှန် ဖွင့်လှစ်နိုင်ရေးကို အကောင်အထည်ဖော်ရင်း ဒေသတည်ငြိမ်တိုးတက်ရေးကို တစ်ဖက် တစ်လမ်းက ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ လေတပ်စခန်းဌာနချုပ်(မကွေး)ဗိုလ်မှူးချုပ်စိုးတင်လတ်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်တို့က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်လှစ်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်ပညာရေး မှူးများက မိမိတို့ခရိုင်များအလိုက် ကျောင်းအပ်လက်ခံမှု၊ ကျောင်းဖွင့်လှစ်ဆောင်ရွက်မှုနှင့် လုံခြုံရေး ဆိုင်ရာများ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြ ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကာ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း/ကျောင်းပြင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ
#MyanmarNationalPost
No comments:
Post a Comment