ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း) စတင်ဖွင့်လှစ် သင်ကြားပေးနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း) စတင်ဖွင့်လှစ် သင်ကြားပေးနေမှုအား ကြည့်ရှုအားပေး








MNP ၊ ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပေါင်လင်း ကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှ စက်မှု ဘာသာရပ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး၊  စိုက်ပျိုးရေး ဘာသာရပ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး၊ မွေးမြူ‌ရေးဘာသာရပ်တွင် တက်ရောက်ခွင့် ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးရှိပြီး အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ပအိုဝ်းကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ပညာရေးမှူး ဦးစိုးသစ်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများပညာ သင်ကြားနေမှုအား ကြည့်ရှုအားပေးပြီးနောက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။ အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်းသည် ယခုနှစ်စတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာဆက် လက်သင်ယူနိုင်သည့် အခွင့်အလမ်းသစ်တစ်ခု တိုးလာခြင်းဖြစ် ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သုံးနှစ်တက်ရောက်ပြီး အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်စသည့် တက္ကသိုလ်များ၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များသို့ တက်ရောက် နိုင်မည်ဖြစ်ပါကြောင်း၊ အထက်တန်းကျောင်း ပြီးမြောက်အောင်မြင်ပြီး လက်မှတ်ရလျှင် သက်ဆိုင် ရာလုပ်ငန်းခွင်များသို့ အလွယ်တကူဝင် ရောက်နိုင်သည့် အခွင့်အလမ်းများရရှိမည်ဖြစ်ရာ တက်ရောက် သူတို့အတွက် အကျိုးများကြောင်း၊ ယခုကျောင်းသည် နိုင်ငံတော်အတွက် လူသားအရင်း အမြစ်များ မွေးထုတ်နိုင်‌ရေးအတွက် အားလုံးက တက်ညီလက်ညီ ကြိုးပမ်းကြစေလိုကြောင်း သိရသည်။   ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တာဝန်ရှိ သူများက လုံခုတ်ကျေးရွာအုပ်စု၊ ဟိုနမ့်ကျေးရွာရှိ ဟိုပုံးရေထွက် သန့်ရှင်းသာယာလှပရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)