ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေသော အကြမ်းဖက်သမားများအား ပြစ်ဒဏ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေသော အကြမ်းဖက်သမားများအား ပြစ်ဒဏ်ချမှတ်


MNP ၊ ဇွန် ၁

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေသော အကြမ်းဖက်သမားများအား ၃၁-၅-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခဲ့ခြင်း၊ Facebook အကောင့်ပေါ်တွင် PDF အကြမ်းဖက်အဖွဲ့များအား ထောက်ခံအားပေးသည့် စာသားများ ရေးသားဖြန့်ဝေခြင်းနှင့် အကြမ်းဖက် PDF အဖွဲများအား အပတ်စဉ် အလှူငွေများ ပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မမေသူကြွယ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် ချမှတ်လိုက်သည်။

ကလေးမြို့တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များတွင်  သင်တန်း ပိုချခဲ့သူ တရားခံ ဝေယံ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် (၄)နှစ် ကျခံစေရန် ချမှတ်လိုက်သည်။

တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များ၏ စခန်းတွင်  ထမင်းချက်တာဝန် ဆောင်ရွက်ခဲ့သူ တရားခံ ဟိန်းထက်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် (၄)နှစ် ကျခံစေရန် ချမှတ်လိုက်သည်။

ရွှေဘိုမြို့တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ အဖြစ် ဆောင်ရွက်ခဲ့သူ တရားခံ ဇင်မိုးဦး(ခ)မိုးတီ(ခ)မိုးဒီအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် (၄)နှစ် ကျခံစေရန် ချမှတ်လိုက်သည်။

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များအား ငွေကြေးများပေး၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် နောက်ကွယ်မှ ကြိုးကိုင်၍ စေခိုင်းနေခြင်းနှင့် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိခဲ့သူ တရားခံ အောင်ချမ်းမြေ့(ခ)ကိုချမ်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က) အရ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်၊ ယင်းပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၄)(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်သည်။

ဒီပဲယင်းမြိုနယ်၊ သရက်ကန်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့ဝင်များအား တိုက်ခိုက်ရန်အတွက် ယူဆောင်လာသော ပစ္စည်းများ နှင့် ခဲယမ်းများ လက်ဝယ်ကိုင်ဆောင်ခဲ့သူ တရားခံ ဇာနည်ဟိန်း(ခ)မျောက်ရှုံး၊ တရားခံ ရန်ပိုင်ထွန်းတို့အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် (၆)နှစ် ကျခံစေရန် ချမှတ်လိုက်သည်။

ကန့်ဘလူမြို့နယ်၊ လယ်လှကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့တွင် ပါဝင်၍ ကင်းစောင့်ခြင်းနှင့် မိုင်းထောင်ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ သန့်ဇော်(ခ)ကျော်ဇော်ဟိန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် (၄)နှစ်၊ ယင်းပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ် (တစ်ပေါင်းတည်း)  ကျခံစေရန် ချမှတ်လိုက်သည်။

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသူများ လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်မည်ဆိုပါက လက်နက်အမျိုးအစားပေါ်မူတည်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဆုငွေများချီးမြှင့်ပေးပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးလျက်ရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)