ရမ်းဗြဲမြို့၌မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကာကွယ်တားဆီးရေးပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကာကွယ်တားဆီးရေးပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ








MNP ၊    ဇွန်   ၁၅

ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများကာကွယ်တားဆီးရေး ပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ရမ်းဗြဲမြို့ အထက(၁) မဟာပညာကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ  ဒေါ်အောင်တင်ကြည်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ရှောင်ရန်၊ဆောင်ရန် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပျက်စီးသွားသည့် အတွေ့အကြုံများ​ကို ရှင်းလင်းပြောကြားပြီးနောက်၊ ရမ်းဗြဲ မြို့မရဲစခန်းမှုး ဒုရဲမှုးဝင်းနိုင်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအဖြစ် ဆွေးနွေးရာတွင် ယနေ့လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုပိုမိုများလာသည်ကို တွေ့ရှိရကြောင်း ၊ လူငယ်များလူညွန့်မတုံးစေရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများအကြား ကျယ်ပြန့်စွာ သိရှိစေရေးအတွက် ပညာပေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊ တောရော မြို့ပါမကျန် ပြန့်နှံ့ရောက်ရှိနေသည့် မူးယစ်ဆေးဝါးကြောင့် လူငယ်များ မူးယစ်သား ကောင်ဘဝ မကျရောက်စေရန် မူးယစ်ဆေးဝါး လက်လီ/လက်ကားဒိုင်များ ၊ ဖြန့်ဖြူးရောင်းချသည့် အရောင်းအဝယ်သမားများကို နှိမ်နင်းရှင်းလင်းရန်လိုကြောင်း ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ကျခံရမည့် ပြစ်ဒဏ်များ၊ပြစ်မှုများကို ကျောင်းသား၊ကျောင်သူများ အား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။


ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊  ရမ်းဗြဲမြို့နယ်ရုံးမှ ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ထိုအခမ်းအနားသို့ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ(၂၅၀) ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)