အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်


MNP ၊    ဇွန်   ၁၅

မော်လမြိုင်မြို့နယ်၊ပြည်နယ် စားသုံးရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk-Show)ကို  ဇွန်လ ၁၀ ရက်နေ့က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ယခုအချိန်တွင် Online Shopping များ ရောင်းဝယ်ခြင်း ဆိုင်ရာလုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍  ပြုလုပ်ရခြင်း ဖြစ်ကြောင်းဆွေးနွေးပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးက အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် စားသုံးသူကာကွယ်ရေး အခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရခြင်းများ၊ စားသုံးသူပြည်သူများ ၀ယ်ယူခြင်း မပြုမီ သတိပြုရမည့် အချက်များ၊ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့လျှင် တိုင်ကြားရန် နည်းလမ်းများ၊ Online Shopping Page တွင် ဖော်ပြထားသည့် ဆက်သွယ်ရန် ဖုန်းနံပတ်လိပ်စာများအား မြေပြင်တွင်အမှန်တ ကယ်ရှိမရှိစစ်ဆေးရန် လိုအပ်ခြင်း၊ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများ၏ပ စ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ခြင်းများရှိသဖြင့် သေချာစွာစစ်ဆေးရန်အကြောင်းများ အား ချပြဆွေးနွေးခဲ့သည်။


ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် လစဥ် ဆွေးနွေးပွဲများကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)