MNP - ဇွန် ၁၅
ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ လိဒ် ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အိုင်လန် မက်စ်လီယာက ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့အပေါ် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အတည်ပြုပြောကြားခဲ့သည်။
မက်စ်လီယာက“တရားဝင်ပြောရရင် လက်ရှိအချိန်ထိ လိဒ် ယူနိုက်တက်မှာ ရှိနေတုန်းပါပဲ၊ အကောင်းဆုံး ပရောဂျက်ဖြစ်နိုင်မလားဆိုတာ စဉ်းစားရတော့မယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မက်စ်လီယာက "ချဲလ်ဆီးလား၊ အဲ့ဒီကို သွားပြီး အရံခုံထိုင်ရရင် အဲ့ဒါကို စိတ်မဝင်စားပါဘူး၊ နံပါတ်တစ်နေရာရမယ်ဆိုရင်တော် ချဲလ်ဆီးကို စိတ်မဝင်စားဘူးလို့ မပြောနိုင်ပါဘူး။” လလို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment