၂၀၂၃ ခုနှစ်၊မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ





MNP ၊    ဇွန်   ၁၁

ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့နယ်တွင် ၊ မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှုး၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက်(၇)နာရီခွဲ အချိန်က အ-မ-က   ခမောင်းခြေတိုင် ကျောင်းဝန်း၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ၊ မြို့နယ်ဦးစီးမှုး ဦးမင်းထက်အောင်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာများထံ ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီးနောက် စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။


စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် မန်ဂျန်ရှားပင်(၅၀၀)၊ သင်းဂနက်ပင်(၁၀၀)၊စိန်ပန်းပင်(၂၀၀)၊ ခရေပင်(၁၀၀)၊ မြန်မာကုဣပင်(၁၀၀)၊စုစုပေါင်းပျိုးပင် (၁၀၀၀)တို့ကိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မှသိရသည်။


အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊   မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)