ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံမှ အက်စ်တိုးနီးယားနိုင်ငံ၌ ကျင်းပသည့် “Information Days for Non-Resident Ambassadors” သို့ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံမှ အက်စ်တိုးနီးယားနိုင်ငံ၌ ကျင်းပသည့် “Information Days for Non-Resident Ambassadors” သို့ ပါဝင်တက်ရောက်






MNP ၊ ဇွန် ၁၂

မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်း သည် အက်စ်တိုးနီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ Tallinn မြို့တွင် ၈-၆-၂၀၂၃ ရက်မှ ၉-၆-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် “Information Days for Non-Resident Ambassadors” သို့ အက်စ်တိုးနီးယားနိုင်ငံအား ပူးတွဲတာဝန်ယူထားသည့် နိုင်ငံများမှ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမနေ့ အစီအစဉ်ကို ၈-၆-၂၀၂၃ ရက်တွင် အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Margus Tsahkna က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သံရုံးအကြီးအကဲများသည် ပါလီမန် (Riigikogu)သို့ သွားရောက်ခဲ့ရာ ပါလီမန်ဥက္ကဋ္ဌ Mr. Lauri Hussar က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး၊ အက်စ်တိုးနီးယား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခြင်း၊ ရည်မှန်းချက်များ၊ အစီအစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားပြီးနောက် သံရုံးအကြီးအကဲများသည် ပါလီမန်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Mr. Marko Mihkelson နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းနေ့ ညနေပိုင်းတွင် သံရုံးအကြီးအကဲများသည် Tallinn မြို့တော်ဝန် Mr. Mihhail Kolvart အား မြို့တော်ခန်းမတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဒုတိယနေ့အစီအစဉ်ကို ၉-၆-၂၀၂၃ ရက်တွင်  ဆက်လက်ကျင်းပခဲ့ပြီး အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဒုတိယဝန်ကြီး Ms. Kyllike Sillaste-Elling ၊ Ambassador at Large for Digital Diplomacy ဖြစ်သူ Ms. Nele Leosk နှင့် အက်စ်တိုးနီးယား ပြည်ပထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် Mr. Kaupo Rosin တို့က  လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများ၊ ပထဝီနိုင်ငံရေးအခြေအနေ၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ စသည်တို့နှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် စီးပွားရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသို့ သွားရောက်ခဲ့ရာ ဝန်ကြီး H.E. Mr. Tiit Riisalo က ကြိုဆိုနှုတ်ဆက် အမှာစကား ပြောကြားခဲ့ပြီးနောက် ဝန်ကြီးဌာနတာဝန်ရှိသူများမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် သံရုံးအကြီးအကဲများသည် CybExer Technologies သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

သံရုံးယာယီတာဝန်ခံသည် ခရီးစဉ်အတွင်း ၈-၆-၂၀၂၃ ရက်တွင် အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဦးစီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဌာနမှ ညွှန်ကြားရေးမှူး Mr. Mati Murd အား အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)