ဂွမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အသိပညာပေးဟောပြော၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အသိပညာပေးဟောပြော၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ






MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့၌  အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အသိပညာပေးဟောပြောခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နေ့လည် ၁၁ နာရီအချိန်က အ.ထ.က(ဂွ)၊ ပညာရတနာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ထွန်းက မူးယစ်ဆေးဝါးသုံးစွဲလာမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် မြို့နယ်တရားသူကြီး ဦးရဲမောင်မောင်က မူးယစ်ဆေးဝါး သုံးစွဲမှုနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို လည်းကောင်း ၊ မြို့နယ်ဥပဒေအရာရှိ ဦးရှိန်းဇော်က မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများအား လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းအောင်က မူးယစ်ဆေးဝါးအလွဲသုံးမှုများအကြောင်းကို Power Pointဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ရှင်းလင်းတင်ပြချက်များကို တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


အဆိုပါ  ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံးမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပြသခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)