ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက် ရောဂါအကြောင်းဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက် ရောဂါအကြောင်းဟောပြောပွဲပြုလုပ်







MNP ၊    ဇွန်   ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက် ရောဂါအကြောင်းဟောပြောပွဲပြုလုပ်ကျင်းပခြင်းကိုယနေ့  နံနက်ပိုင်းက သပြေကုန်းရွာ၌ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင် က ကျွဲ ၊ နွား၊ဆိတ်နှင့်ပတ်သက်၍ကူးစက်ရောဂါများ ဖြစ်သည့် ပေါင်ပုပ်၊လက်ပုပ်ရောဂါ ၊ဒေါင့်သန်းရောဂါ၊ခွာနာ၊လျှာနာရောဂါ အပြင် အခြားသော ကူးစက်ရောဂါ များကို စနစ်တကျ ကာကွယ်ကြရန် ကာကွယ်ဆေးများကိုလည်း ပုံမှန်ဆေးထိုးပေးကြရန် လိုအပ်သောအကူအညီများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့အချိန်မရွေး လာရောက်ပြီးအကူအညီတောင်းခံနိုင်ပါကြောင်းဆွေးနွေးဟောပြောခဲ့သည်။


ပေါင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ကျွဲ၊နွား၊ဆိတ် ရောဂါကာကွယ်ခြင်းများအပြင်  အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ‌ခွေး၊ကြောင် များကိုစနစ်တကျ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)