ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ




MNP ၊    ဇွန်   ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိပါသည်။


ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီကမြို့နယ်အတွင်းရှိ စုရပ်များ၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်(ထပ်ဆောင်း) ကာကွယ်ဆေး  Booster ဆေးထိုးနှံပေးရာ ပဉ္မမအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၄၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းပေးခြင်း၊‌သွေးပေါင်ချိန်‌ပေးခြင်းနှင့် ဆေးထိုးပြီးပါကနာရီဝက်ကြာခေတ္တနားစေခြင်းတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)