MNP ၊ ဇွန် ၁၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၁ နာရီတွင် ပြွန်တိုကျေးရွာရှိ အသင်းသား အသင်းသူများအား (အဋ္ဌမ) အကြိမ်ပြန်လည်ထုတ်ချေးပေးကြသည်။
ရှေးဦးစွာ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်ရောင် ကျေးရွာစီမံကိန်း ရည်ရွယ်ချက် များ၊ စီမံကိန်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး ပြွန်တို ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(အဋ္ဌမ) အကြိမ်ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၂ ဦးအား ၁၉၀၀၀၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၂ ဦး အား ၉၂၀၀၀၀၀ ကျပ် ၊ရေလုပ်ငန်း လုပ်ကိုင်သူ ၁၈ ဦးအား ၆၆၀၀၀၀၀ ကျပ်၊အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးအား ၅၇၀၀၀၀၀ ကျပ် နှင့် မီးလင်းရေး ၁ ဦးအား ၂၀၀၀၀၀ ကျပ် စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၂၄ ဦးအတွက် ရန်ပုံငွေ ၄၀၇၀၀၀၀၀ ကျပ်ကို ကျေးရွာအရောက်ထုတ်ချေးပေးကြကြောင်း သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment