ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး အား ၂၀၂၃ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး အား ၂၀၂၃ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး





MNP ၊    ဇွန်   ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေကုန်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး အား ချေးငွေကျပ်သိန်းပေါင်း  ၃၇၄ သိန်း ၅သောင်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မြမြမိုးက ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ကထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေပြေကျေသည့် ကျေးရွာအုပ်စုများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး အလေးထားစိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါထုတ်ချေးပေးရာတွင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုမှ တောင်သူ (၇၉)ဦး၏ စပါးသီးနှံ စိုက်ဧက (၁၆၁)ဧက နှင့် အခြားသီးနှံစိုက်ဧက (၁၃၃)ဧကအတွက် စပါးသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ချေးငွေကျပ် သိန်းပေါင်း ၃၇၄ သိန်း ၅ သောင်းကို ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ထုတ်ချေးပေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း သတ်မှတ်ကာလအတွင်း အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မယု

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)