တောင်ကြီးမြို့တွင် လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုထားသည်များအား ဖယ်ရှားရန် ညွှန်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့တွင် လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုထားသည်များအား ဖယ်ရှားရန် ညွှန်ကြား


MNP ၊ ဇွန် ၆

တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စုအတွင်းရှိ ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်းများအား စိစစ်တွေ့ရှိရသဖြင့် (၉-၆-၂၀၂၃)ရက်နေ့ အပြီးဖယ်ရှားရန် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက လယ်ယာမြေဥပဒေအရ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၃ခုနှစ်၊ ဇွန်လ ၂ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် စိုက်ပျိုးမြေများ မဆုံးရှုံးစေရေး လယ်ယာမြေများအပေါ်တွင် ခွင့်ပြုခြင်းမရှိဘဲ အခြားနည်းသုံးစွဲမှုများနှင့် ပတ်သက်၍ ကြပ်မက်ဆောင်ရွက်ရန် လမ်းညွှန်မှုများ ပေးခဲ့ပြီးဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)