ကရသူရိမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရသူရိမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်



MNP ၊    ဇွန်   ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများနှင့် စာဖတ်ဝါသနာရှင် ကလေးများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။


ကျောင်းသား/သူများနှင့် လူငယ်/လူရွယ်များ မူးယစ်ဆေးဝါး၏ သားကောင်များ မဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးသည် လူညွှန့်တုံးစေသည့် အတွက် ကလေးများ၏ အနာဂတ်သာယာလှပရေး ပညာပေးဟောပြောခြင်းဖြစ်ရာ ထိုသို့ဟောပြောရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်း၊ မူးယစ်ဆေးဝါးတို့ ရှောင်ရှား၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ် စသည့်အကြောင်းအရာများ စုံလင်စွာဟောပြောခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ခြင်းသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ပြုလုပ်ခြင်းဖြစ်ရာ အဆိုပါဟောပြောပွဲသို့ ကရသူရိမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)