MNP ၊ ဇွန် ၁၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ နတ်သျှင်၊ ရွှေရူ ရေးသားထားသော ''လူငယ်များ၏ရွှေရောင်မနက်ဖြန်'' စာအုပ်ဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်ကြည်သာထွေးမှ ဥယျာဥ်မှူးနှင့် ပန်းပင်ငယ်၊ တကယ်ချစ်ရင် မခြိမ်းခြောက် ပါနဲ့၊ နွေရာသီကျောင်းပိတ်ရက်လေးများ၊ ဒေါ်အိငြိမ်းအေးမှ ဘဝအဆင့်အတန်း မြှင့်တင်ကြပါစို့၊ အဆိပ်မခတ်ကြပါနဲ့၊ ဘဝဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး စသည့်စာအုပ်ပါအကြောင်းအရာ ခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment