ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံ၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ ကံ က ကောင်းမလိုလိုနဲ့ ဆိုးတယ်။ မဝေးလှတဲ့ အတိတ်ကို ပြန်ပြောရင် ပြည်သူတွေလိုလားတောင်းတလွန်းလို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်ခဲ့ကြတယ်။ ၂၀၀၈ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပြီးတော့ ၂၀၁၀ မှာ ပထမအကြိမ် ပြည်လုံးကျွတ်အထွေထွေ ရွေးကောက်ပွဲကြီးကနေ ဒီမိုကရေစီအစိုးရတစ်ရပ်ကို ရရှိခဲ့တယ်။ အကျယ်ချဲ့ပြီး မပြောလိုပေမယ့် ဘောင်းဘီချွတ်အစိုးရလို့ သမုတ်ကြတဲ့ သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲသင့်တာတွေ ဖြေလျှော့သင့်တာတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် အပြုသဘောဆန်ဆဲ့ အစိုးရတစ်ရပ်ကို ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ ဦးသိန်းအစိုးရလက်ထက်အခြေအနေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို ဋီကာချဲ့မပြောလိုပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ဖန်တီးလာတာကတော့ ရခိုင်ပြည်နယ်က ခိုးဝင်ဘင်္ဂါလီ ပြဿနာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ခိုးဝင်ဘင်္ဂါလီတွေရဲ့ ပဋိပက္ခဖန်တီးမှုနဲ့အတူ ဘင်္ဂါလီများကို (ရိုဟင်ဂျာ) ပါဆိုပြီး လူမျိုးလိမ်အရေးလှုပ်ရှားမှုကလည်း ဒွန်တွဲပါလာခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ဘင်္ဂါလီများကိုလည်း လူရာသွင်း အရေးပေးပြီး ဘူးသီးတောင်၊ မောင်တောနယ်မြေကနေ ဘင်္ဂါလီများကို ရွေးကောက်ခံစေခဲ့ပြီး လွှတ်တော်ထဲအထိ နေရာပေးခဲ့ပါတယ်။ လူမျိုးလိမ်လှုပ်ရှားမှု ဖြစ်လာတော့ မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဇော်ကီးရာမတ်ခ်(ခ)အောင်ဇော်ဝင်း နဲ့ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(AbdulRazak)တို့ နှစ်ဦးဟာ လူမျိုးလိမ်အရေး ဦးဆောင်လှုပ်ရှားသူတွေ ဖြစ်လာတယ်။ ပြည်ခိုင်ဖြိုးပါတီအပေါ် တိုင်းရင်းသားပြည်သူတွေက ထောက်ပြပြောဆိုစရာ ဖြစ်လာခဲ့တယ်။
ဒီနေရာမှာ သင်ခန်းစာရစေတာကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး နေရာပေး လူရာသွင်းခဲ့ပေမယ့် လူမျိုးရေးအစွန်းရောက်တွေဟာ နေရာပေးဖို့မတန်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရပါတယ်။ လွှတ်တော်တွင်းမှာ ဇော်ကီးရာမတ်ခ်(ခ)အောင်ဇော်ဝင်း နဲ့ ဦးရွှေမောင်(AbdulRazak)တို့ နှစ်ဦးဟာ လူမျိုးလိမ်အရေးလှုပ်ရှားသလို ပြည်ပက ဖိအားပေးမှုတွေလည်း အရှိန်အဟုန်မြင့်တက်လာခဲ့တယ်။
ဘင်္ဂါလီလွှတ်တော်အမတ်တွေရဲ့ လှုပ်ရှားမှုနဲ့ အိုအိုင်စီရဲ့ ဖိအားပေးမှုတွေ ဖြစ်ပေါ်လာချိန်မှာ နောက်ထပ် အဆိုးရွားဆုံးသင်ခန်းစာတစ်ခုကတော့ ဒီမိုကရေစီအရေးလှုပ်ရှားပါတယ်ဆိုတဲ့ သတင်းမီဒီယာများကိုပါ အိုအိုင်စီက ချုပ်ကိုင်ပြီး လူမျိုးလိမ်အရေးကို လုပ်ဆောင်လာတဲ့အခါ အဆိုးဆုံးအခြေအနေကို ရောက်ရှိသွားပါတော့တယ်။ အထွေအထူး ပြောဖို့မလိုအောင်ကို သိလွယ် မြင်လွယ်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တွန်းအားပေးခဲ့ကြတဲ့ သတင်းမီဒီယာတွေဖြစ်တဲ့ BBC, VOA, RFA တို့လို ဗြိတိန် နဲ့ အမေရိကန် အခြေစိုက် သတင်းမီဒီယာတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကနေမှ ပြည်ပကို ရောက်ပြီး သတင်းမီဒီယာအဖြစ် ရပ်တည်ခဲ့ကြတဲ့ DVB, Mizzima, The Irrawaddy တို့လို သတင်းမီဒီယာတွေဟာ သမ္မတကြီး ဦးသိန်းစိန်တက်လာပြီး ဒီမိုကရေစီအသွင်းကူးပြောင်းရေး ဖြစ်ပေါ်လာတဲ့အချိန်မှာ လုပ်စားစရာခေါင်းစဉ်ပျောက်သွားတဲ့ သဘောကို တွေ့လာရပါတယ်။
BBC, VOA, RFA, DVB, Mizzima, The Irrawaddy တို့လို သတင်းစာမျက်နှာတွေမှာ ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်ပေါ်နေတဲ့ ခိုးဝင်းဘင်္ဂါလီ နဲ့ ရခိုင်တိုင်းရင်းသားတွေ ဖြစ်နေတဲ့ ပဋိပက္ခအစမှာတော့ လူမျိုးလိမ်နာမည်ကို မသုံးစွဲသေးပါဘူး။ ဘင်္ဂါလီလို့ပဲ ရေးသားဖော်ပြတာမျိုး ဖြစ်ပါတယ်။ OIC ပါဝင်ပတ်သက်လာတဲ့အချိန်မှာ ဖော်ပြပါ သတင်းဌာနများရဲ့ ရေးသားဖော်ပြချက်တွေမှာ ဘင်္ဂလီကနေ ချက်ချင်းဆိုသလို (ရိုဟင်ဂျာ)ဆိုတဲ့ လူမျိုးလိမ်နာမည်နဲ့ ရေးသားဖော်ပြမှုတွေ လုပ်လာကြခြင်း ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူမျိုးလိမ်နာမည်ကို BBC, VOA, RFA, DVB, Mizzima, The Irrawaddy တို့ က ဘာကြောင့် ရေးသားဖော်ပြနေသလဲဆိုတာ ပြည်သူများ သဘောပေါက်တန်ကောင်းပါရဲ့။
အဲဒီအချိန်က DVB သတင်းဌာနအတွက် ပြည်တွင်းကသတင်းတွေ တာဝန်ခံပြီး လုပ်ဆောင်ပေးနေသူနဲ့ တွေ့ဆုံမေးမြန်းကြည့်တဲ့အချိန်မှာ သူပြောတာက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး သတင်းတွေ ရေးသားပေးပို့တဲ့အခါ ဘင်္ဂါလီလို့ပဲ ရေးပို့တယ်။ အဲဒီအတိုင်းပဲ ဖော်ပြနေတာပဲ။ နောက်မကြာဘူး။ (ရိုဟင်ဂျာ) လူမျိုးလိမ်အမည်နဲ့ ရေးသားပေးပို့ဖို့ ပြောလာတယ်။ အဲဒီအမည်က မဟုတ်ဘူး။ ဘင်္ဂါလီပဲလို့ ပြောပြတယ်။ ဘင်္ဂါလီလို့ပဲ ရေးပို့တယ်။ သူတို့က မဲဆောက်ကို အစည်းအဝေးခေါ်တော့ သွားတယ်။ အဲဒီ ကိစ္စကို ဆွေးနွေးကြတော့ သူတို့က လူ့အခွင့်အရေးအရ (ရိုဟင်ဂျာ) လို့ ရေးပေးရမယ်တဲ့။ အဲဒီ လူမျိုးနာမည်က ရှိမှ မရှိဘဲ၊ သူတို့က လူ့အခွင့်အရေးအရ ဆိုရင် တို့ဘက်ကလည်း လူ့အခွင့်အရေးအရ မခေါ်ဘဲ နေပိုင်ခွင့် ရှိပါတယ်။ သို့သော် သူတို့က ဒီအမည်အတွက် ငွေကြေးရယူထားပြီဆိုတဲ့အခါမှာ ဘယ်လိုမှ ပြောလို့ မရတော့ဘူးလေ။ အလုပ်ထွက်လိုက်ပါတယ်။ ဒီကိစ္စထဲမှာဝင်ပါပြီး သမိုင်းတရားခံတော့ အဖြစ်မခံနိုင်ဘူးလို့ ပြောပါတယ်။
စာရေးသူချိန်ထိုးပြဆိုလိုခြင်းက ပြည်ဖျက်မီဒီယာတွေထဲမှာလည်း အမျိုးသားရေးအမြင်၊ အမျိုးသားရေးသတိ ရှိတဲ့ သတင်းသမားတွေ ရှိပါတယ်။ သို့ပေသော် ငွေကြေးရလိုမှုကို ရှေ့တန်းတင်သော ပုဂ္ဂိုလ်များက BBC, VOA, RFA, DVB, Mizzima, The Irrawaddy တို့ကို ဦးဆောင်နေတဲ့ အခြေအနေမျိုးမှာ အမျိုးသားရေးအမြင်၊ အမျိုးသားရေးသတိ ရှိတဲ့ ပုဂ္ဂိုလ်တွေ က သူတို့နဲ့ လက်တွဲဖြုတ်ပြီး အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။
မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်စေဖို့၊ ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားစေချင်လို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ရပ်တည်ခဲ့ပါတယ်ဆိုတဲ့ မီဒီယာတွေက ငွေနဲ့တွေ့တော့ ဒဏ်မခံနိုင်ဘူး။ ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားမှာကိုလည်း မလိုလားတော့ဘူး။ လူမျိုးလိမ်အရေးသည်သာ သူတို့ရဲ့ ပထမဦးစားပေးဖြစ်လာတယ်။ ငွေနောက်လိုက်တဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောမှန်ကို မြင်တွေ့လိုက်ရခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သူတို့လိုလားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အာဏာလက်မဲ့ ဖြစ်သွားပြန်တော့ ပိုပြီး ယုတ်မာရိုင်းစိုင်းလာကြတယ်။ လူမျိုးလိမ်အရေးလှုပ်ရှားမှုက မအောင်မြင်တဲ့ အခါကြတော့ တော်လှန်ရေးလို့ အကြောင်းပြပြီး သူတို့ရဲ့ မမှန်ကန်တဲ့ ရပ်တည်ချက် လုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြခဲ့ကြတဲ့သူတွေကို စာရင်းပြုစုပြီး လိုက်လံလုပ်ကြံသတ်ဖြတ်ခိုင်းနေတယ်။
၂နှစ်ကျော်ကြာကာလ NLD ဦးဆောင်သူတွေ၊ နိုင်ငံရေးလုပ်စားသူတွေ၊ လော်ဘီတွေ၊ လူမျိုးလိမ်အရေး ရပ်တည်ဆောင်ရွက်ပေးနေတဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy တို့ အပြင် ဝရမ်းပြေး သာလွန်ဇောင်းထက် ဦးဆောင်တဲ့ Khit Thit Media ၊ ဝရမ်းပြေး ဆွေဝင်း ဦးဆောင်တဲ့ Myanmar Now တို့ကို လူမျိုးလိမ်အရေး ရပ်တည်ဆောင်ရွက်ဖို့သာ မကဘဲ မြန်မာနိုင်ငံသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းဖို့ပါ ကူညီပံ့ပိုးပေးလိုက်တဲ့ သဘောမျိုး ဖြစ်လာပါတယ်။
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မောင်ပိုင်စီးဖို့ NLD ပါတီက မသမာသောနည်းလမ်းနဲ့ ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူး။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိန်းသိမ်းရတာကို အာဏာလုယူပါတယ်လို့ ခေါင်းစဉ်တပ်ပြီး လှုံ့ဆော်တယ်။ တော်လှန်ပုန်ကန်ဖို့ လှုံ့ဆော်တယ်။ ဘယ်သူတွေ လှုံ့ဆော်နေတာလည်း ကြည့်လိုက်ရင် NLD ဦးဆောင်သူတွေ၊ နိုင်ငံရေးလုပ်စားသူတွေ၊ လော်ဘီတွေ၊ လူမျိုးလိမ်အရေး ရပ်တည်ဆောင်ရွက်ပေးနေတဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now ဒီလူတွေပါပဲ။ အမေရိကန် နဲ့ အိုအိုင်စီ က မြန်မာပြည် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဖို့အတွက်ကို ပြည်ဖျက်မိစ္ဆာတစ်အုပ်စုလုံးကို ကြုံးသွင်းထားနိုင်တဲ့ သဘောမျိုးပါပဲ။
ခေါင်းစဉ်ကတော့ တော်လှန်ရေးတဲ့။ တပ်မတော်ကို တော်လှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အောင်မြင်နိုင်ခြေမရှိဘူး။ တော်လှန်ရေးခေါင်းစဉ်အောက်မှာ သူတို့တွေ အဓိဋ္ဌာန်ပြုထားတဲ့အချက်တွေ၊ ဆိုထားတဲ့သစ္စာစကားတွေနဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာ အပြောနဲ့ အလုပ် တတ်တတ်စင်အောင် လွဲတဲ့ လုပ်ရပ်တွေပဲ။ လွဲမှားတဲ့ လုပ်ရပ်တွေကို မျက်နှာပြောင်တိုက်ပြီး ဘာကြောင့်လုပ်နေသလဲ။
တော်လှန်ရေးအောင်မြင်ဖို့ မလိုဘူး။ အမေရိကန် နဲ့ အိုအိုင်စီ အလိုကျ များများသတ်ပေးရင် များများငွေရမယ်။ သူတို့ပြောသမျှ အဟုတ်ထင်နေတဲ့ PDF တွေကို ရသမျှ သတ်ခိုင်းမယ်။ သံဃာတော် ဘယ်နှပါး သတ်နိုင်ခဲ့ပါပြီ။ ဆရာ/ဆရာမ ဘယ်နှယောက် သတ်နိုင်ခဲ့ပါပြီ။ အမျိုးသားရေးလှုပ်ရှားသူ ဘယ်နှယောက် သတ်ခိုင်းပြီးပါပြီ။ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ထောင်နဲ့ချီပြီး သတ်ဖြတ်ပြီးပါပြီ။ မြန်မာနိုင်ငံသားတွေရဲ့ အသက်ကို ရောင်းစားနေကြသူတွေလို့ ရိုးရိုင်းရှင်းရှင်းပဲ သိမြင်နားလည်နိုင်ပါတယ်။
NLD ဦးဆောင်သူတွေက CRPH, NUG ဆိုပြီးဖွဲ့တယ်။ နိုင်ငံရေးလုပ်စားမယ့်သူတွေက သူတို့ကို ဝန်းရံထောက်ခံပြီး ဆောင်ရွက်ပေးသလိုလိုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ကြတယ်။ လူမျိုးလိမ်အရေး ရပ်တည်ဆောင်ရွက်ပေးနေတဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now တို့ကလည်း ဒီလို အခွင့်အခါမျိုးကို စောင့်စားနေတာ ဖြစ်တဲ့အတွက် တရားမဝင်အစိုးရ (NUG အကြမ်းဖက်အဖွဲ့) က လူမျိုးလိမ်အရေး ဘယ်လိုသဘောထားပါသလဲ။ ဒီလူမျိုးလိမ်ခေါင်းစဉ်နဲ့ပဲ လုပ်စားနေတဲ့ အောင်မျိုးမင်းက NUG အကြမ်းဖက်အဖွဲ့မှာ လူ့အခွင့်အရေးဝန်ကြီးဌာန ဝင်ရောက်ဖွဲ့စည်း နေရာယူပြီး လူမျိုးလိမ်တွေကိုလည်း အသိအမှတ်ပြုပါတယ်လို့ ပေါက်လွတ်ပဲစား ပြောတာ။ သူ့ဟာနဲ့သူတော့ စည်းချက်ကို ညီလို့။
တော်လှန်ရေးခေါင်းစဉ်အောက်ကနေ ပြည်သူတွေကို သေကြောင်းကြံမှာဖြစ်တဲ့အတွက် သူတို့အတွက် အန္တရာယ်များတယ်။ အကြမ်းဖက်လှုံ့ဆော်မှုတွေ စလုပ်ပါပြီဆိုကတည်းက တတိယနိုင်ငံတွေကို အလျှိုလျှိုပြေးကြတယ်။ တော်လှန်ရေးသန္ဓေမှန်တယ်ဆိုရင် ပြေးဖို့ မလိုဘူးလေ။ ဦးဆောင်သူတွေက ရှေ့ကနေ မားမားမတ်မတ် ရပ်တည်၊ နောက်လိုက်တွေကို မှန်မှန်ကန်ကန် လမ်းညွှန်မှုပေးပြီး တော်လှန်ရေးကြီးကို အောင်မြင်အောင် တိုက်ရမယ် မဟုတ်ပါလား။ မတိုက်ပါဘူး။ ပြည်သူတွေကို သေကြောင်းကြံမှာ ဖြစ်တဲ့အတွက် တတိယနိုင်ငံကို အရောက်ပြေး သွေးကြွလွယ်တဲ့ လူငယ်တွေကို အကြမ်းဖက်လမ်းစဉ်ပေါ် စွဲတင်၊ အကြမ်းဖက်သင်တန်းပေးပြီး ကိုယ့်မြို့၊ ကိုယ့်ရွာပြန်ပြီး သတ်လို့ရသမျှ သတ်ခိုင်းနေတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ အလုံးစုံပျက်သုဉ်းရေး အကြမ်းဖက်လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေမှာ ဆင်ခြင်တုံတရားမရှိဘူး။ မိမိတို့ကို ဦးဆောင်လမ်းညွှန်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို စိစစ်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘူး။ ဘယ်သူ့ကို လုပ်ကြံသတ်ဖြတ်လိုက်၊ ငါးသိန်းပေးမယ်ဆိုရင် ပျော်ပျော်ကြီး လူသတ်တယ်။ အစိုးရရုံးဌာနတွေကို မိုင်းထောင်၊ ဗုံးခွဲ ၅သောင်းပေးတာကို ပျော်ပျော်ကြီးလုပ်တယ်။ ပြည်ပြေး ဝရမ်ပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောထားနဲ့ လူ့ငနွား အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင် တော်လှန်ရေးလုပ်နေတာလား။ ကြေးစားလူသတ်သမား လုပ်နေကြတာလားဆိုတာ ခွဲခြားသိမြင် နားလည်ကြပါလိမ့်မယ်။ NLD ဦးဆောင်သူတွေ၊ နိုင်ငံရေးလုပ်စားသူတွေ၊ လော်ဘီတွေ၊ လူမျိုးလိမ်အရေး ရပ်တည်ဆောင်ရွက်ပေးနေတဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar တို့ က သူယုတ်မာတွေ သိပ်ကို ရက်စက်တယ်။ စာဖွဲ့ဖို့ မမီနိုင်လောက်အောင်ကို ယုတ်မာကြတယ်။ သူတို့ကိုယ်တိုင်ကတော့ မိသားစုများနဲ့တကွ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြပြီး ပြည်တွင်းမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၅၊ ၁၆၊ ၁၇ အရွယ် လူငယ်တွေကိုပါ အကြမ်းဖက်သမားများ အဖြစ်နဲ့ အသုံးချပြီး ရက်စက်ယုတ်မာမှုတွေကို ကျူးလွန်နေကြခြင်းဟာဖြင့် သားသမီးချင်း ကိုယ်ချင်းစာမှု မရှိတဲ့ သူယုတ်မာတွေဆိုတာကို သက်သေခံနေပါတယ်။
၂နှစ်ကျော် ကာလမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၀၀ ကျော်ရဲ့ အသက်တွေကို စတေးပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ သူယုတ်မာတွေ အမေရိကန် နဲ့ အိုအိုင်စီ ထံက ရတဲ့ငွေတွေနဲ့ မိသားစုဘဝတွေ သာယာစိုပြည်နေကြမှာပဲ။ သူတို့ရဲ့ လက်ချက်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေမှာတော့ သားတစ်ကွဲ၊ မယားတစ်ကွဲ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်ကို ဈေးဗန်းတင်ပြီး စီးပွားရှာကြသူတွေ စားသမျှ အပင်း ဖြစ်ပါစေ၊ သောက်သမျှ အဆိပ် ဖြစ်ပါစေလေ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment