ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာ ကို စစ်ကူးပေးနိုင်ခဲ့ပြီး ဝင်ရောက်တိုက်ခိုက်သော KIA/PDF အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးများပြီး ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာ ကို စစ်ကူးပေးနိုင်ခဲ့ပြီး ဝင်ရောက်တိုက်ခိုက်သော KIA/PDF အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးများပြီး ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရ


MNP ၊ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာကို ယမန်နေ့က KIA/PDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကူ/ ပစ်ကူ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး KIA/PDF အကြမ်းဖက်သမားများကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက "ချပ်သင်းရွာသားတွေထဲကလည်း PDF ထဲရောက်နေသူတွေ ရှိတယ်။ တခြားရွာတွေမှာ PDF မင်္ဂလာဆောင် ၂ခုရှိတယ်။ အဲဒီ မင်္ဂလာဆောင်တွေမှာ သူတို့က လူစုလိုက်ကြပြီး ချပ်သင်းကို လာတိုက်တဲ့ သဘောပါ။ မနေ့က အရေးပေါ် စစ်ကူ/ပစ်ကူ တောင်းတော့ နမခ ကလည်း ဆောင်ရွက်ပေးတယ်။ KIA/PDF အင်အားက တော်တော့်ကို များတယ်။ စစ်ကူရောက်လာပြီး ပစ်ခတ်ရှင်းလင်းတဲ့အခါကြတော့ အကြမ်းဖက်သမား (၇၀)ကျော် လောက် ကျဆုံးမယ်။ သူတို့ဘက်က တင်နေတဲ့ သတင်းတွေမှာတော့ ငါးဆယ်ကျော်၊ ခြောက်ဆယ်လို့ တင်ကြတာ တွေ့ရတယ်။ အကြမ်းဖက်သမားတွေ ထိခိုက်ဒဏ်ရာရတာလည်းများတယ်။ ကျဆုံးလည်း များပါတယ်။ ကားတွေနဲ့ ပြန်သယ်သွားကြတယ်" ဟု ပြောသည်။

တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာ "KIA/PDF က စခန်းကုန်းကိုရော ရွာကိုပါ အဖွဲ့တွေခွဲပြီး ဝင်တိုက်တာ။ ဒီဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိပါတယ်။ မနက်ပိုင်းကတော့ ကိုယ့်ဘက်က အင်အားနည်းတော့ ထိခိုက်ဒဏ်ရာရတာတွေများတယ်။ ညဦးပိုင်းမှာ စစ်ကူရောက်လာတော့ ကိုယ့်ဘက်က ထိခိုက်ကျဆုံး နည်းပါတယ်။" ဟု ဒေသခံက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သွားရောက်ပူးပေါင်း၍ တပ်စခန်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြပြီး ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အခြေအနေနှင့် ပတ်သက်၍ ဆရာတော် ဦးဝါသဝထံ ဆက်သွယ်မေးမြန်းရာ "ညက စစ်ကူရောက်ပါတယ်။ အကြမ်းဖက်အဖွဲ့တွေ ဆုတ်ခွါသွားပြီ။ ကိုယ့်ဘက်က ဒဏ်ရာရရှိသူတွေကိုလည်း ဆေးရုံကို ပို့ဆောင်နေကြပြီ။ အခု အတိုက်ခံရတဲ့ ချပ်သင်းတို့၊ ချပ်ကြီး တို့ ဘက်တွေမှာက PDF က ဈေးသည်တွေကို လွတ်လွတ်လပ်လပ် သွားလာလို့ မရအောင် လုပ်နေတာ။ရွာသားတွေကို စားနပ်ရိက္ခာအခက်အခဲဖြစ်အောင် ဒီကောင်တွေက လုပ်နေတာ။ ချပ်သင်းရွာထဲကလည်း PDF ထဲ ရောက်နေသူတွေ ရှိတယ်။ အနည်းအကျဉ်းပါ။ ရွာသားအများစုက ပြည်သူ့စစ်နဲ့ အထိုင်တပ်နဲ့ ပူးပေါင်းပြီးတော့ ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြတာ များပါတယ်။" ဟု မိန့်ကြားသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)