MNP ၊ ဇွန် ၁၇
မကွေးတိုင်းဒေဿကြီး သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက နိုင်ငံတကာမှာ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေတာဖြစ်လို့ ကျောင်းသား/ကျောင်းသူ သားငယ်သမီးငယ်များအနေဖြင့် မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးကိုသိရှိစေရန် ရည်ရွယ်ပြီး နံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ယခုလို ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများ၊ ဟောပြောပွဲများကို ကျင်းပဆောင်ရွက်နေတာဖြစ်တယ်ဟု ပြောကြားပေးခဲ့ပြီး ပန်းချီဆရာ ဦးညွန့်လှိုင်နှင့် ဆရာဦးထွန်းနိုင်ဦးတို့က ပန်းချီပုံများကိုအမှတ်ပေးမှုနှင့် ဆုရွေးချယ်မှုအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၃)ဆုကို ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အလှူရှင် ဦးအောင်ဝင်းတင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် မြို့နယ်ပညာရေးမှူး၊ Book Club အဖွဲ့ဥက္ကဋ္ဌ၊ ပန်းချီဆရာ(၂)ဦးတို့မှ ဆုများချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင်(၁၇)ဦးအား မြို့နယ်ပညာရေးမှူးရုံးမှ တစ်ဦးလျှင် ဗလာစာအုပ် (၆)အုပ်စီ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost


No comments:
Post a Comment