လားရှိုးမြို့နယ်အတွင်းတွင် ကြက်ဥဈေးကောင်းရနေခြင်းကြောင်း ကြက်မွေးမြူရေးသမားများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့နယ်အတွင်းတွင် ကြက်ဥဈေးကောင်းရနေခြင်းကြောင်း ကြက်မွေးမြူရေးသမားများ အဆင်ပြေ


MNP ၊    ဇွန်   ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ကြက်ဥဈေးကောင်းရနေခြင်းကြောင့် ကြက်မွေးမြူရေးသမားများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။


လက်ရှိအချိန်တွင် လားရှိုး၌ ကြက်ဥတစ်ပိဿာလျှင် ၆၆၀၀ ဈေးထိရှိနေပြီး အရေအတွက်အားဖြင့် တစ်ပိဿာတွင် ၂၇ လုံးမှ ၃၀ လုံးခန့်ထိရနိုင်ကြောင်း သိရသည်။


လားရှိုးမြို့နယ်ရှိ ကြက်မွေးမြူရေးသမားများသည် ကြက်ကောင်ရေ ၅၀၀ မှ  ၈၀၀ ထိ တစ်ပိုင်တစ်နိုင် မွေးမြူကြသူများပြားပြီး ရက်ပေါင်း ၁၃၀ တွင် ဥစမ်းကာ ၂၂ ပတ်သားတွင် ကြက်ဥနှုန်းမှာ အကောင်ရေ၏ ကိုးဆယ်ရာခိုင်နှုန်းခန့် ဥကြောင်း သိရသည်။


 “လားရှိုးမှာက အခုအချိန် ကြက်ဥဈေးကောင်းရတယ်။ ကျွန်တော်တို့အနေနဲ့ ကြက်မွေးမြူရေးလုပ် တဲ့အခါမှာ စမွေးတုန်းကတော့ အကောင်ရေ ငါးရာလောက်နဲ့ စမ်းမွေးကြည့်တာပေါ့။ နောက်ပိုင်း ရှစ်ရာ တစ်ထောင် တဖြည်းဖြည်းချင်း တိုးမွေးရတာပေါ့။ သူတို့ရဲ့ ကျန်းမာရေးနဲ့ ရောဂါကူးစက်မှုမရှိအောင်လည်း ဂရုစိုက်ရတယ်။ အခုက သူတို့ရဲ့ အစာဈေးနှုန်းကလည်းကလည်း ကြီးမြင့်တော့ ကြက်ဥဈေးလည်း တက်တဲ့ သဘောရှိတာပေါ့” ဟု ကြက်မွေးမြူရေးပြုလုပ်သူတစ်ဦးက ဆိုသည်။


လားရှိုးမြို့နယ်တွင် လားရှိုးမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဟူးမွန်၊ နောင်မွန်၊ ဟိုပိတ်၊ ခါးသျှီ၊ မယ်ဟန်၊ အီနိုင်းကျေးရွာတို့တွင်  ကြက်မွေးမြူရေးပြုလုပ်သူ များပြားကြောင်း သိရသည်။


စိုင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)