MNP ၊ ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ဇွန်လ ၆ ရက်နံနက် ၁၀ နာရီက ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး၊ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ အကြီးအကဲဆိုခြင်းထက် မိသားစုလိုသဘောထား၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အချိန်နှင့်တပြေးညီ ပေးအပ်သောတာဝန်များပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်မှပေးအပ်ထားသော တာဝန်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဝန်ထမ်းတစ်ဦးလျှင် ဆန်(၂)ပြည်ခွဲ၊ ကြက်ဥ(၁၀)လုံး၊ ဆီ(၅၀)ကျပ်သား တစ်ဘူးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment