မော်လမြိုင်ကျွန်းမြို့နယ်၌ စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စီးပွားဖြစ် အုန်းပင်စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ ၈ ရက် နေ့မှ ၁၀ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။


အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင်(၂) ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူးရဲမှူး မိုးစိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေမှူး ဦးထွန်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲ များတက်ရောက်ခဲ့ကြပြီး ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက အုန်းစိုက်ပျိုး ထုတ်လုပ်မှု အသိပညာပေး Pre-test စစ်ဆေးခြင်းများအကြောင်း၊ ပြည်တွင်းပြည်ပ အုန်းစိုက်ခင်းများနှင့် ထုတ်ကုန်များအကြောင်း၊ အုန်းမျိုးနွယ်ပင်များ အကြောင်း၊ အုန်းစိုက်ခင်းတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ပိုးမွှားရောဂါများအကြောင်း၊ အုန်းပင်အသုံးဝင်ပုံနှင့် အာဟာရတန်ဖိုးများအကြောင်း၊ ကွင်းဆင်းသရုပ်ပြ စိုက်ပျိုးခြင်းနှင့် သဘာဝအုန်းမှုန့်မြေသြဇာ ထုတ်လုပ်မှုများအကြောင်း၊ အုန်းစိုက်မြေရွေးချယ်ခြင်း၊ မျိုးခြံထူထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ စိုက်ခင်းအား ပြုစုထိန်းသိမ်းခြင်းများအကြောင်း၊ ခူးစွတ် ချိန်ကာလလိုက်နာရမည့်အချက်များ၊ စျေးကွက်ဝင် အုန်းသီးရွေးချယ်ခြင်းအကြောင်း၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဗီယက်နမ်နိုင်ငံများ၏ အုန်းသီးစိုက်ပျိုးခြင်းနှင့် ထုတ်ကုန် များအကြောင်းတို့ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းဟန်နှင့် သင်တန်းသားများနှင့် တစ်ဦးချင်းမိတ်ဆက်ကာ တက်ရောက်သော သင်တန်းသားဦးရေ (၃၀)ခန့်ရှိကြောင်း သိရသည်။


ရဲကိုမောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)