ပြည်ပြေး ဝရမ်ပြေး ပြည်ဖျက်မိစ္ဆာတို့၏ သရုပ်မှန်ကို ဖော်ထုတ်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်ပြေး ပြည်ဖျက်မိစ္ဆာတို့၏ သရုပ်မှန်ကို ဖော်ထုတ်ခြင်း



မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်နေတယ်။ ဘယ်သူတွေက အကြမ်းဖက်လုပ်ရပ်တွေကျူးနေတာလဲ ဆိုတဲ့ အဖြေကလည်း ရှင်းလင်းပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၀ကျော် ရှိခဲ့တယ်။ အတိုက်အခံ အင်အားကြီး ပါတီကနေ အာဏာရခဲ့တဲ့ NLD ပါတီဟာ အာဏာလက်မဲ့ ဖြစ်သွားတဲ့အချိန်မှာ စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းပြီးတော့ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။


တပ်မတော်က အာဏာသိမ်းလို့ မကျေနပ်လို့ တော်လှန်တာလို့ သူတို့ဘက် က ဝါဒဖြန့်လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ကြပါလိမ့်မယ်။ ဒီလိုဝါဒဖြန့်လှုံ့ဆော်မှုအတွက်အဖြေကတော့ ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုရပါလိမ့်မယ်။ ပြည်သူများရဲ့ လေးစားထောက်ခံမှုကို ရတဲ့ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အနေနဲ့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်ခွင့်ရှိပါသလား။ အာဏာအလွဲသုံးစား လုပ်ခွင့်ရှိပါသလား။ ပြည်သူများရဲ့ အားပေးထောက်ခံမှုကို ရတာနဲ့ပဲ လုပ်ချင်ရာလုပ်မယ်ဆိုရင် ဂျာမဏီက ဟစ်တလာလို အာဏာရှင်ဖြစ်သွားမှာပေါ့။ 


၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD အစိုးရက စနစ်တကျ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တယ်။ နိုင်ငံရေးပါတီတွေက ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်။ တိုက်တွန်းခဲ့တဲ့။ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့တယ်။ NLD အစိုးရက မဖြေရှင်းတဲ့အခါကြတော့ တပ်မတော်က ထပ်မံပြီး တိုက်တွန်းတယ်။ မဲစာရင်းတွေ စိစစ်ဖို့ ပြောခဲ့တယ်။ အာဏာရပါတီက တိုက်တွန်းပြောဆိုမှုတွေကို မျက်ကွယ်ပြုပြီး တတိယအကြိမ်လွှတ်တော်ခေါ်ယူရေး၊ အစိုးရအသစ် ပြင်ဆင်ဖွဲ့စည်းရေးကို ဦးတည်ပြီးတော့ပဲ လုပ်ဆောင်နေခဲ့ပါတယ်။ သူတို့မှာလည်း နိုင်ငံခြားသာအကြံပေးတွေနဲ့ ဒီလမ်းကြောင်းကို ဖောက်ဖို့ အကြံပြုချက်တွေ ရထားတာမျိုး ရှိမှာပေါ့ဗျာ။


တပ်မတော်က မဲစာရင်းတွေ စိစစ်ဖို့တောင်းဆိုတော့လည်း အပြင်းအထန်ငြင်းဆန်ပြီး မဲစာရင်းများကူးယူခွင့် မပြုဖို့ ချက်ချင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကနဦးမှာ မဲစာရင်းစိစစ်မှုတွေကို တပ်မတော်အနေနဲ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေကို မရရှိခဲ့ဘဲ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ စားရင်းများကို စုစည်းရယူပြီး စိစစ်ခဲ့ရတာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ စာရင်းတွေကို အခြေခံပြီး စိစစ်လိုက်တဲ့အချိန်မှာပဲ မဲစာရင်းကွာဟမှုက ဆယ်သန်းကျော် ထွက်ပေါ်လာခဲ့ပါတယ်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်လှုံ့ဆော်သူတွေ ယနေ့အချိန်အထိ ဝန်မခံရဲတဲ့အချက်ကတော့ အဲဒီအချက်ပါပဲ။ သူတို့တွေ ဥပဒေမဲ့ လုပ်ခဲ့တဲ့ မဲလိမ်မဲခိုးမှုနဲ့ ပတ်သက်လို့ ဘယ်တော့မှ ၂နှစ်ကျော်ကြာကာလ ပြည်ဖျက်မီဒီယာအုပ်စုရဲ့ အင်အားနဲ့ ဖုံးဖိထားတယ်။ NLD ဦးဆောင်သူတွေနဲ့ ၈၈ က နိုင်ငံရေးလုပ်စားသူတွေရဲ့ သရုပ်မှန်ကို ဒီနေရာမှာ ရှင်းလင်းစွာ မြင်တွေ့လိုက်ရတာက ဥပဒေမဲ့ လုပ်ရပ်တွေကို သူတို့က လုပ်ခဲ့တယ်။ ပြီးတဲ့အခါမှာ တပ်မတော်ကပဲ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေသယောင် ပြည်ဖျက်မီဒီယာအုပ်စုရဲ့အားကို ယူပြီး လုပ်ကြံဖန်တီး ပြောဆိုတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့အချိန်မှာ တပ်မတော်က အာဏာလုယူပါတယ်လို့ လှုံ့ဆော်တယ်။ တချိန်တည်းမှာပဲ ပြည်ဖျက်မီဒီယာ အုပ်စုဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khint Thit Media, Myanmar Now အစရှိသော ပြည်ဖျက်မီဒီယာတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၁၇)(၄၁၈) အရ အာဏာအရပ်ရပ်ကို လွှဲပြောင်း ရယူခဲ့တဲ့ တပ်မတော်ကို အာဏာသိမ်းစစ်တပ်၊ စကစ အစရှိသော ဝေါဟာရတွေနဲ့ လုပ်ကြံဖန်တီး ရေးသားမှုတွေ လုပ်လာခဲ့ကြတယ်။ 


အာဏာရှိခဲ့တဲ့အချိန်မှာ NLD ပါတီက Facebook လူမှုကွန်ရက်ကိုလည်း သူတို့အလိုကျ အသုံးပြုနိုင်ဖို့ ပြည်သူ့ဘဏ္ဍာသန်းပေါင်းခြောက်ထောင်ကျော် အသုံးချပြီး ချုပ်ကိုင်ထားပြီးသား ဖြစ်နေတယ်။ NLD ဥက္ကဋ္ဌ က စပြီး ဆဲဆိုရမ်းကားတဲ့ လော်ဘီ အထိ Facebook မှာ Blue Mark ရယူပြီး လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်မှုတွေကို တွင်ကျယ်အောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်တဲ့အတွက် အာဏာလက်မဲ့ဖြစ်သွားပြီးချိန်မှာလည်း သူတို့ရဲ့ ပေါက်ပန်းစေး လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေက ပြည်သူတွေကြားမှာ ပျံ့နှံ့နေတာ ဖြစ်တဲ့အတွက်ကြောင့် အမှားကြာ အမှန်ဖြစ် လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို ပြည်သူများက အဟုတ်ထင်လာကြတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ တပ်မတော်က ဦးဆောင်ပြီးဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဆိုတာ မသိကြတော့ဘူး။ ပြည်ဖျက်မီဒီယာတွေမှာ လုပ်ကြံဖန်တီးရေးသားနေတဲ့ စစ်ကောင်စီ (စကစ) ဆိုတဲ့ ဝေါဟာရက ပြည်သူတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေပါပြီ။ ပြည်ဖျက်မီဒီယာတွေက အုံလိုက်ကျင်းလိုက် လုပ်ကြံဖန်တီး  ရေးသားဖြန့်ဝေမှုရဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။


NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့က စပြီး အာဏာအရပ်ရပ်ကို လွှဲပြောင်း ရယူလိုက်တဲ့ တပ်မတော်အပေါ် ပြည်သူများအနေနဲ့က ဥပဒေစိုးမိုးရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် ဆန့်ကျင်ကန့်ကွက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းအဟာ NLD ပါတီ ဖြစ်နေတဲ့အတွက်ကြောင့် ဥပဒေစိုးမိုးရေးကို လိုလားလို့ NLD ကို ထောက်ခံအားပေးခဲ့တာဆိုရင်လည်း မဲလိမ်မဲခိုးမှုကြီးနဲ့ ပတ်သက်လို့ အဖြေထွက်လာတဲ့အချိန်မှာ NLD ဦးဆောင်သူမှန်သမျှကို မြောင်းထဲကန်ချရမှာ ဖြစ်ပါတယ်။


သို့သော် ပြည်သူတွေက ဥပဒေစိုးမိုးရေးကို လိုလားကြတာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသူတွေများတယ်။ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို နားယောင်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေ ပါဝင်လုပ်ဆောင်လာကြတယ်။ တကယ်တော့ နီပိန်းတွေဟာ ဒီမိုကရေစီလိုလားသူ အမည်ခံတွေပဲ များတယ်။ ဒီမိုကရေစီကို နားမလည်ဘူး။ ဒီမိုကရေစီ စံနှုန်းတွေကိုလည်း မသိဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ပြောသမျှ အဟုတ်ထင်တယ်။ ပြည်ပြေး ဝရမ်းပြေးတွေက ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဖို့ လှုံ့ဆော်ရင်လည်း ပါဝင်လုပ်ဆောင်ကြတယ်။


ပြည်ပြေး ဝရမ်းပြေးတွေ ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ သုံးသပ်ကြည့်ကြရအောင်။ ပြည်ပြေး ဝရမ်ေးပြေး အုပ်စုထဲမှာ ဆိုရင် NLD ဦးဆောင်သူတွေပါတယ်။ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားအိုကြီးတွေ ပါတယ်။ သူတို့ရဲ့ သြဇာခံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေလည်း ပါတယ်။ 


တပ်မတော်က အာဏာလုယူခဲ့လို့ တော်လှန်မှာဆိုရင် သူတို့တွေအနေနဲ့ ပြည်ပကို ထွက်ပြေးကြသလဲ။ တော်လှန်မယ်။ တော်လှန်းရေးနိုင်ရင် သူတို့ အာဏာယူမှာ မဟုတ်ဘူးလား။ အာဏာယူမယ့်သူတွေက ပြည်ပကို ထွက်ပြေးသွားတယ်ဆိုတော့ တော်လှန်ရေး သန္ဓေမှန်တယ်ဆိုရင် ပြည်ပကို ထွက်ပြေးဖို့ မလိုဘူး။ တော်လှန်ရေးကို ဦးဆောင်ပြီး နိုင်အောင်တိုက်ရမယ်။ သူတို့ကို အဓိကပံ့ပိုးပေးတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အကူအညီတွေနဲ့ သူတို့ကိုယ်တိုင် ဦးဆောင်တိုက်ပြီး အနိုင်ရရင် သူတို့ အာဏာယူကြမှာလေ။


သူတို့တွေက ပြည်သူတွေကို တော်လှန်ကြဖို့၊ ပုန်ကန်ကြဖို့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်တယ်။ သူတို့တွေက တစ်ယောက်မကျန် ပြည်ပကို ထွက်ပြေးတယ်။ တော်လှန်ရေးကို အဓိက ဦးဆောင်သူ (ဆူပူအကြမ်းဖက်လှုံ့ဆော်သူကြီး) မင်းကိုနိုင် က ရှေ့ဆုံးက ပြေးတယ်။ ဆက်တိုက်ဆိုသလို CRPH အဖွဲ့ဝင်တွေ ပြေးကြတယ်။ ပြည်ဖျက်မီဒီယာအုပ်စု ဖြစ်တဲ့ DVB ဦးဆောင်တဲ့ အုပ်စု ပြေးကြတယ်။ လွတ်မြောက်နယ်မြေကို လူစုံရောက်ပြီဆိုမှ စင်ပြိုင်အစိုးရ NUG(အကြမ်းဖက်အဖွဲ့)ကို ထပ်မံ ဖွဲ့စည်းခဲ့ပါတယ်။


ပြည်သူလူထုအကျိုး(ကောင်းကျိုး) ကို သယ်ပိုးချင်တဲ့သူတွေ အနေနဲ့ ပြည်ပကနေ ဒီပြည်သူလူထုရဲ့ ကောင်းကျိုးကို ဘယ်လို ဖော်ဆောင်မလဲ။ ပြည်ပကို ထွက်ပြေးရောက်ရှိသွားကြပြီး NUG အဖွဲ့ ပေါ်ပေါက်လာပြီးချိန်မှာရော ပြည်သူလူထုကောင်းကျိုးဖြစ်စေမယ့် အလုပ် လုပ်ခဲ့တာ ဘာများရှိလဲ။ သူတို့ကို ထောက်ခံအားပေးတဲ့သူတွေကို PDF ဖွဲ့ကြဖို့ လှုံ့ဆော်တယ်။ PDF အဖွဲ့ပေါ်ပေါက်လာတယ်။ NUG အဖွဲ့ရဲ့ စာမျက်နှာမှာ ရည်ရွယ်ချက်၊ သစ္စာအဓိဋ္ဌာန်တွေ ရေးထားတဲ့အထဲမှာတော့ အဟုတ်ကြီးပဲ။ ပြည်သူလုထုကို ကာကွယ်စောင့်ရှောက်ပါမယ်ပေါ့။


တကယ့်လက်တွေ့မှာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်သလား။ ပြည်သူလူထု အတိဒုက္ခရောက်မယ့် အလုပ်တွေ လုပ်နေသလားဆိုတာတော့ CRPH, NUG, PDF ရဲ့ အကြမ်းဖက်ဘေးဒဏ်ကို ခံနေကြရတဲ့ ပြည်သူတွေထက် ဘယ်သူ ပိုသိနိုင်မှာလဲ။ အစိုးရရုံးဌာနတွေကို ဗုံးခွဲ၊ မီးရှို့ဖျက်ဆီးခိုင်းတာ ကောင်းကျိုးဖြစ်စေသလား၊ ဆုံးရှုံးနစ်နာမှုဖြစ်စေသလား။ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခိုင်းတာ ဒီမိုကရစေလိုလားသူတွေရဲ့ လုပ်ရပ်လား။ ကလေးငယ်တွေ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ခဲ့တာ ကောင်းကျိုးဖြစ်စေတဲ့ လှုံ့ဆော်မှုလား။ ပညာမဲ့တွေ ဖြစ်အောင် လုပ်ခဲ့ခြင်းဟာ ကောင်းမွန် မှန်ကန်တဲ့ လုပ်ရပ်လား။


တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ၂နှစ်ကျော်ကြာကလ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီ ဦးဆောင်သူများ၊ သူတို့နဲ့ အပေါင်းအပါ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဆောင်သူများ၊ သူတို့ရဲ့ သြဇာခံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များရဲ့ ဦးဆောင်လှုပ်ရှားမှုမှာ ပြည်သူတွေ ကောင်းကျိုးဖြစ်စေတဲ့ လုပ်ရပ်က ဘာတွေ ရှိပါသလဲ။ သူတို့တွေဟာ နိုင်ငံရေးလုပ်နေတာလို့ ပြောရင် နိုင်ငံရေးဆိုတာ ပြည်သူတွေကို အတိဒုက္ခရောက်အောင် လုပ်ရတာလား။ ပြည်သူတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ အဆင်ပြေသည်ထက် ပိုမိုအဆင်ပြေအောင်၊ အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် လုပ်ကြရမှာ ဖြစ်တယ်။


အခု ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူတွေနဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူတွေရဲ့  ၂နှစ်ကျော်ကြာ ကာလ ဆောင်ရွက်ချက်တွေမှာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ အတိဒုက္ခရောက်အောင်လည်း လုပ်တယ်။ ကိုယ့်ဝမ်းစာ ကိုယ်စာရှားနေကြရတဲ့ ပြည်သူတွေကိုလည်း လိုက်ပြီး လုပ်ကြံသတ်ဖြတ်ခိုင်းတာမျိုး ခဲ့ကြတယ်။ ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူတွေနဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၀၀၀ ကျော်အထိ သေဆုံးခဲ့ရပြီ။ ဒါကြောင့် သူတို့တွေကို စာရေးသူက ပြည်ပြေး ဝရမ်းပြေး လောက်အဆင့်သာ မဟုတ်တော့ဘဲ ပြည်ဖျက်မိစ္ဆာတွေလို့ ဝိသေသတပ်ပေးရခြင်း ဖြစ်ပါတယ်။


တပ်မတော်က ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်နေတာမဟုတ်ဘူး။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာလည်း ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်ပြီး အာဏာရဖို့ ကြိုးစားခဲ့တယ်။ မအောင်မြင်တဲ့အခါကြတော့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတယ်။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်လမ်းစဉ်နောက်လိုက်ခဲ့ကြတဲ့ ကာလတလျှောက် သူတို့တွေဟာ တော်လှန်ရေးသန္ဓေမှန်စွာနဲ့ တော်လှန်ရေးအလုပ်ကို လုပ်ခဲ့သလား။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ (သူတို့ကို မထောက်ခံတဲ့သူတွေကို) လိုက်လံလုပ်ကြံသတ်ဖြတ်တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြသလား။ ဒါဟာ အဖြေပါပဲ။ တော်လှန်ရေးသန္ဓေမမှန်လို့ လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်တယ်။ သူတို့ကို ကူညီပံ့ပိုးပေးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု၊ အိုအိုင်စီ ကဲ့သို့သော အဖွဲ့အစည်းတွေမှာ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကို ဖျက်စီးချင်တယ်။ NLD ဦးဆောင်သူတွေနဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများ ပြည်ဖျက်မီဒီယာများက အမေရိကန်နဲ့ အိုအိုင်စီ ရဲ့ လိုလားချက်ကို ဖော်ဆောင်ပေးနေတဲ့ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားသာ ဖြစ်တယ်ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)