ကော့ကရိတ်မြို့နှင့် သိမ်ဇရပ်မြို့များ အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့က လက်နက် ကြီးများဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရရှိခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့နှင့် သိမ်ဇရပ်မြို့များ အတွင်းသို့ KKO(ခွဲထွက်)အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့က လက်နက် ကြီးများဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရရှိခဲ့




MNP ၊ ဇွန် ၁၇

KKO(ခွဲထွက်)အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုတို့ ထိတ်လန့်မှုများဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။


ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်အတွင်းသို့ မြို့၏အရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်မှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမား များသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အမှတ်(၇)ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် နေထိုင်သည့် ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တဆင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။


အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အတွင်းသို့ KNLA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇွန် ၂၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြို့၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်း မဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၁၀ နာရီခန့်တွင် အကြမ်း ဖက်သမားများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


ဖြစ်စဉ်တွင် KNLA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ် ခဲ့သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် သိမ်ဇရပ်မြို့၊ ရွာလေးကွက်သစ်တွင်နေထိုင်သည့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာ ရရှိသူများအား သိမ်ဇရပ်တိုက်နယ်ဆေးရုံ၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူစေ လျက်ရှိသည်။


ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် KKO (ခွဲထွက်) အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် လူမဆန်သည့် ယုတ်မာရိုင်းစိုင်းသော အစွန်းရောက်အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ယခု ကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများသို့ ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)