MNP ၊ ဇွန် ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြား သည်။ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video Clipတို့ကို ပြသခဲ့သည်။
ထို့နောက် သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ခရိုင်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု၊ သံတွဲခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to plastic pollution ) ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ဆုရရှိသော ကျောင်းသား ၊ကျောင်းသူများသည် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ပြသထားသည့် ကွင်းဆင်းစစ်ဆေးမှုမှတ်တမ်းဓါတ်ပုံများ၊ အသိပညာပေးလုပ်ငန်း မှတ်တမ်းပုံများ နှင့် ရေထုအရည်အသွေးတိုင်းတာခဲ့သည့် မှတ်တမ်းပုံများ၊ နံရံကပ်ပိုစတာများ၊ ရေထုတိုင်းတာရေး စက်ကိရိယာပစ္စည်းများကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်က ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment